close

ယူကရိန်းစစ်ပွဲကိုတုံ့ပြန်ရန် စစ်တပ်ကို တပ်လှန့်ထားမည်ဟု နော်ဝေဝန်ကြီးချုပ်ပြော

ယူကရိန်းစစ်ပွဲကို တုံ့ပြန်ရာမှာ လုံခြုံရေး ပိုကောင်းစေဖို့ နော်ဝေ စစ်တပ်ကို နိုဝင်ဘာ ၁ ရက်ကစပြီး တပ်လှန့်ထားမယ်လို့ နော်ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောလိုက်ပါတယ်။

နော်ဝေဟာ လက်ရှိမှာ ဥရောပသမဂ္ဂဆီ သဘာဝဓာတ်ငွေ့ အများဆုံးတင်ပို့တဲ့နိုင်ငံပါ။ ရုရှားဆီက ဓာတ်ငွေ့စီးဆင်းမှု ကျဆင်းပြီးတဲ့နောက် အီးယူရဲ့ တင်သွင်းမှုအားလုံးရဲ့ လေးပုံတပုံလောက်ကို နော်ဝေက ပံ့ပိုးနေတာပါ။

“ဒါဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး လုံခြုံရေးအခြေအနေပါပဲ” လို့ နော်ဝေဝန်ကြီးချုပ် ယိုနပ်စ် ဂါး စတိုရယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လေ့ကျင့်ချိန်နည်းပြီး စစ်ဆင်ရေးတာဝန်တွေမှာ အချိန်ပိုယူရမယ်၊ လျှင်မြန်တဲ့ စည်းရုံးရေးတပ်ဖွဲ့ဖြစ်တဲ့ အိမ်စောင့်တပ်ဖွဲ့ဟာ ပိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်မယ်လို့ နော်ဝေကာကွယ်ရေးဝန်ကြီး ဗြွန်း အာရေး ဂရမ်းက ပြောပါတယ်။

လေတပ်ဟာ နော်ဝေနိုင်ငံမှာထားချင်တဲ့ F35 တိုက်လေယာဉ်တွေနဲ့ အမေရိကန်မှာ လေ့ကျင့်တာကို ခဏရပ်ဆိုင်းခဲ့တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုင်းယစ် ခရစ်စတိုဖာရွှန်းက ပြောပါတယ်။

“ဒီအခြေအနေဟာ အနည်းဆုံး တနှစ်လောက်ကြာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားရဲ့ နော့ဒ်စထရင်းမ် ပိုက်လိုင်း စက်တင်ဘာ ၂၆ ရက်က ယိုစိမ့်ပြီးတဲ့နောက် ကမ်းလွန် စင်္ကြံတွေနဲ့ ကုန်းတွင်းက အဆောက်အအုံတွေကို စောင့်ကြပ်ဖို့ စစ်တပ်ကို နော်ဝေးက ပထမဆုံး တပ်ဖြန့်ခဲ့ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမန်ရေတပ်တွေဆီက အထောက်အပံ့ ရယူခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up