ကမ္ဘာစစ်နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြပွဲ ရုရှားသမ္မတပူတင် ကြည့်ရှု

4
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြို့တော်မော်စကိုက ရင်ပြင်နီမှာ နိုဝင်ဘာ ၈ ရက်က ကျင်းပတဲ့ ကမ္ဘာစစ်နှစ်ပတ်လည် အထိမ်းအမှတ် စစ်ရေးပြပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ပူတင်ဟာ ၁၉၄၁ ခုနှစ်မှာ သမိုင်းဝင် စစ်ရေးပြအခမ်းအနားရဲ့ တစိတ်တပိုင်းအဖြစ် ဆိုဗီယက်တင့်ကားတွေနဲ့ တပ်နီတော်ကုတ်အင်္ကျီ ဝတ်ထားတဲ့ စစ်သည်တွေကို စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆွန်မြို့ကို ပြန်သိမ်းဖို့ ယူကရိန်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ၈ လကြာ ‘အထူးစစ်ဆင်ရေး’ မှာ ရုရှားက ဆုတ်ယုတ်မှုတွေ ကြုံနေချိန် အခုလို အခမ်းအနား ကျင်းပတာလည်း ဖြစ်ပါတယ်။