close

စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း နေအိမ်အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်း မြို့နယ် ၈၁ ခုမှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသန အဖွဲတခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးခံရမှုတွေဟာ ၂၀၂၂ ခုနှစ်ထဲမှာ အများဆုံးဖြစ်ပြီး စုစုပေါင်းပမာဏရဲ့ ၉၄ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂၊ မေလထဲမှာတော့ မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ် အများဆုံးဖြစ်ခဲ့ပြီး အဲဒီလမှာတော့ နိုင်ငံအနှံ့က နေအိမ်အဆောက်အအုံ ၈၃,၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းကတော့ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်းပမာဏရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့ကာ စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်မှာတော့ နေအိမ်အဆောက်အအုံ ၃,၄၉၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပြီး အများဆုံးဖြစ်ခဲ့ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်ကတော့ နေအိမ်အဆောက်အအုံ ၃,၁၀၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ISP Myanmar ရဲ့ နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုစာရင်းဟာ သတင်းမီဒီယာတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အပေါ်မူတည်ပြီး လက်လှမ်းမီသလောက် စုစည်းထားတာ ဖြစ်တဲ့အတွက် တကယ့်လက်တွေ့ မြေပြင်မှာတော့ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up