ယူကရိန်းစက်မှုဇုန်များကို ဒုံးကျည်နှင့်ပစ်ခတ်ခဲ့ဟု ရုရှားပြော

လောင်စာဆီနဲ့ ဒုံးပျံအင်ဂျင်တွေအပြင် အီလက်ထရွန်းနစ် အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ ယူကရိန်း စက်မှုဇုန်တွေကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောပါတယ်။
ဒနစ်ပရို ပယ်ထရိုစကာ ဒေသမှာရှိတဲ့ ဒုံးပျံလောင်စာနဲ့ အင်ဂျင်တွေ ထုတ်လုပ်တဲ့ စက်ရုံရဲ့ အလုပ်ရုံတွေကို တိကျမှန်ကန်အောင် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က နေ့စဉ်သတင်း ထုတ်ပြန်ချက်မှာ ပြောခဲ့ပါတယ်။
ရေဒါတွေနဲ့ ဒုံးပျံလောင်ချာ စနစ်များစွာအတွက် အီလက်ထရွန်းနစ်အစိတ်အပိုင်းတွေ ထုတ်လုပ် တဲ့ နောက်ထပ် စစ်ဘက်ဆိုင်ရာ သိပ္ပံနဲ့ စက်မှုဆိုင်ရာ အဆောက်အအုံကို ဇာပိုရစ်ချ်ဇီယာဒေသမှာ ဖျက်ဆီးခဲ့တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၁၇ ရက်မှာ ရုရှားဟာ စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ စက်ရုံတွေကို ရည်ရွယ်ပြီး ယူကရိန်း နိုင်ငံတဝန်းမှာရှိတဲ့ စွမ်းအင်ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ တရစပ် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောခဲ့ပါတယ်။