close

မက်ဆီက ရော်နယ်ဒိုထက် ပိုကောင်းတယ်ဆိုတာ အရင်ကတည်းကပြောဖူးဟု ရွန်းနီ ပြော

လီယွန်နယ်မက်ဆီဟာ ရော်နယ်ဒိုထက်ပိုကောင်းတယ်ဆိုတာ အရင်ကတည်းက ပြောခဲ့ဖူးတယ်လို့ ဝိန်းရွန်းနီကပြောပါတယ်။

ဝိန်းရွန်းနီရဲ့ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက အင်တာဗျူးတစ်ခုကနေ ဝိန်းရွန်းနီကို  ပြန်လည်တုံ့ပြန်ပြီးနောက်မှာ  The Times သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ သမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားက ဘယ်သူလဲဆိုတာကို ရွန်းနီကမှတ် ချက်ပေးခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုတို့နဲ့ ပတ်သက်လို့ လူတိုင်းမှာအမြင်တစ်မျိုးစီရှိနိုင်ကြောင်း၊ သူ့ရဲ့အမြင်အရတော့ မက်ဆီက ပိုကောင်းတဲ့ ကစားသမားဖြစ်ကြောင်း ဝိန်းရွန်းနီက ပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ ရော်နယ်ဒိုနဲ့ မန်ယူအသင်းမှာတွဲဖက်ကစားခဲ့ဖူးပေမဲ့ မက်ဆီကိုပဲ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့တာပါ။ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစား ဆုံးဖြစ်ကြောင်း၊ ကိုပါအမေရိကဖလားရယူနိုင်ခဲ့တာက အာဂျင်တီးနားကို ၂၀၁၈ ခုနှစ်ပြိုင်ပွဲကထက် ပိုပြီးယုံကြည်မှုရှိစေခဲ့ကြောင်းရွန်းနီက ပြောပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up