ရော်နယ်ဒို အင်တာဗျူး အသင်းသားများအပေါ် သက်ရောက်မှုရှိဟု ဗာရန်းပြော

ရော်နယ်ဒိုရဲ့အင်တာဗျူးက မန်ယူအသင်းသားတွေအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း နောက်ခံလူ ဗာရန်းက ပြောပါတယ်။
ပြင်သစ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗာရန်းဟာ ကလပ်အသင်းဖော် ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာတော့ အသင်းသားတွေအပေါ် သက်ရောက်မူရှိကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
ရော်နယ်ဒိုကိုယ်တိုင် အင်တာဗျူးမှာ ပြောခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အသင်းသားတွေအပေါ် အမှန်တကယ် သက်ရောက်မှုရှိခဲ့ကြောင်း၊ အသင်းသားတွေဟာ ကိုယ့်နည်းလမ်းနဲ့ကိုယ် တည်ငြိမ်မှုရှိအောင် ကြိုးစားခဲ့ကြပြီး ပါဝင်ပတ်သက်မှု မရှိဖို့လည်း ကြိုးစားခဲ့ကြောင်း ဗာရန်းက ပြောပါတယ်။
စီရော်နယ်ဒိုဟာ မန်ယူအသင်းတာဝန်ရှိသူတွေဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြတယ်လို့ ပြောကြားခဲ့သလို နည်းပြ တန်ဟတ်ဂ်နဲ့လည်း အပြန်အလှန်လေးစားမှုမရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့တာပါ။ မန်ယူအသင်းဘက်ကလည်း ရော်နယ်ဒိုကို အရေးယူသွားဖို့ ဆုံးဖြတ်ထားပြီး နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းသွားဖို့ရှိနေပါတယ်။