close

စစ်တွေ-ရေချမ်းပြင်-ဘူးသီးတောင်လမ်း ပြန်ဖွင့်

ယနေ့ စစ်တွေမှ ဘူးသီးတောင်သို့ သွားလာမည် ခရီသည်များအား ရေချမ်းပြင်ဆိပ်ကမ်း၌တွေ့ရစဥ်။

ရခိုင်ပြည်နယ် ဩဂုတ် ၁၄ ရက်ကစပြီး ပိတ်ထားတဲ့ စစ်တွေ-ရေချမ်းပြင်-ဘူးသီးတောင်လမ်းကို နိုဝင်ဘာ ၂၀ ရက်မှာ စစ်ကောင်စီက သွားခွင်ပြုလိုက်တယ်လို့ မော်တော်ဘုတ်သမားတွေက ပြောပါတယ်။

ရေချမ်းပြင်ဒေသခံ မော်တော်ဘုတ်သမားတဦးက "ရေချမ်းပြင်-ဘူးသီးတောင်တိုက်ရိုက်လမ်းကို ဖွင့်ပေးတာပါ။ ဘုတ်တစီးမှာ ခရီးသည် ၁၅ ဦးထက် အပိုမတင်ရဘူး။ အငူမော်လမ်းကတော့ ဘယ်အချိန်ပြန်ဖွင့်မလဲတော့ မသိဘူး" လို့ ပြောပါတယ်။

မောင်တော-အငူမော်-စစ်တွေလမ်းကို သြဂုတ် ၁၄ ရက်ကမှစပြီး ၃ လကျော်ကြာ ပိတ်ထားခဲ့ပြီး စစ်တွေ-ဘူးသီးတောင် ရေလမ်းကြောင်းကို စက်တင်ဘာလ ၅ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်တာပါ။

ခရီးသွားပြည်သူတဦးက "မောင်တော-အငူမော်-စစ်တွေလမ်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင် တယ်။ အခုဆို ၃ လ ကျော်နေပြီ။ လမ်းပိတ်ထားတော ပြည်သူတွေပဲ ဒုက္ခရောက်ကြရတယ်။ ဆေးတွေ ရှာမရတော့ဘူး။ ဆင်းရဲ့သားပြည်တွေ အတော်ဒုက္ခရောက်နေကြရတာ" လို့ ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်က စစ်တွေ-အမြင့်ကျွန်းတံတားနားမှာ ဘူးသီးတောင်ကို သွားမယ့် ဘုတ် ၉ စီးနဲ့ ပိုင်ရှင် ၉ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရေကြောင်းဥပဒေနဲ့  အမှုဖွင့်ခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ ဘုတ် ၉ စီးဟာ ရေချမ်းပြင်၊ မကျည်းချောင်း၊ စေတီပြင်၊ ရသေ့တောင်ဘက်က စစ်တွေကို လိုင်းပြေးဆွဲတဲ့ အရပ်သားပိုင်ဘုတ်တွေဖြစ်ပါတယ်။

ဓါတ်ပုံ=ယနေ့ စစ်တွေမှ ဘူးသီးတောင်သို့ သွားလာမည် ခရီသည်များအား ရေချမ်းပြင်ဆိပ်ကမ်း၌တွေ့ရစဥ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up