close

ရဟတ်ယာဉ်ဝယ်သည့်ကိစ္စ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံးမှာ ဆက်ဆက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိ ငါးမှုလုံးအတွက် စွဲချက်တင် အမိန့်ချကာ ပြန်ခေါ်သက်သေတွေ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံခေါင်းဆောင်နှစ်ယောက်တို့ကို စစ်ဆေးနေတာဖြစ်ပါတယ်။

အဆိုပါတရားရုံးနဲ့ နီးစပ်သူက “ဒီနေ့ သမ္မတဦး၀င်းမြင့်ကိုစစ်ဖို့ကျန်တဲ့ တမှုစစ်တယ်။ နောက်အန်တီကိုစစ်တာ တမှုပဲပြီးတယ်။ အန်တီကလည်း အောက်က အဆင့်ဆင့် ဆောင်ရွက်ပြီးတော့မှ ရုံးတွင်းစာတွေနဲ့ လမ်းညွှန်မှုခံယူတဲ့အခါကျတော့ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဆောင်ရွက်ပါလို့ လမ်းညွှန်တာပဲ ရှိတယ်လို့ ထွက်ဆိုခဲ့တယ်။ တခြားဘာမှ သူတို့က လုပ်ထားတာ မရှိတာ”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up