close

အင်းတော်မြို့နယ်၌ လောင်စာဆီတင်ကား ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာထိပ်ကွေ့နားမှာ နိုဝင်ဘာ ၂၅ ရက်  ည‌နေပိုင်းက လောင်စာဆီတင်ကားတစီး ဓားပြတိုက်ခံရပြီး ငွေကျပ် ၃၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးပါသွားတယ်လို့ ကာယကံရှင် ယာဉ်မောင်းက ပြောပါတယ်။

"အရပ်ဝတ်နဲ့ လူ ၁၀ ယောက်လောက်က ကားကို တားပြီး စစ်ဆေးမယ့်ပုံစံလုပ်ပြီး ပိုက်ဆံနဲ့ ဖုန်းကို ယူသွားတယ် ဓားပြအဖွဲ့ထဲမှာ တစ်ယောက်က မျက်ခုံးမှာ ဒဏ်ရာရရထားတယ်။" 

ဒေသတွင်းမှာ စစ်ကောင်စီတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တခြား အမည်မသိ လက်နက်ကိုင်ဆောင်သူတွေ ရှိနေတာဖြစ်ပြီး အခုလို ဓားပြတိုက်မှုကို ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

Indaw Revolution-IR အဖွဲ့တာဝန်ရှိသူ တဦးက "ကားတွေကို အရပ်ဝတ်နဲ့ စစ်ဆေးမယ်ဆိုတိုင်း မရပ်ပေးကြပါနဲ့။ ရွာထဲမှာ သူတို့ ဗိုလ်ကြီးတွေ ရှိနေတော့ ရွာပတ်လည်မှာ ၃၀၉/၃၀၁ တပ်ရင်းက ကင်းတွေချထားတာလည်း ရှိပါတယ်။ ဓားပြတိုက်ခံရတဲ့နားမှာ ကျွန်းပင်တွေ အရင်ကရှိတယ်။ အခု ပြောင်ကုန်ပါပြီ။ တရားမဝင်သစ်လုပ်ငန်း လုပ်တဲ့သူတွေကြောင့် "လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှာ အင်းတော်ရဲစခန်းထဲက‌နေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နားနောင်ရွာထိပ် ၁ လုံး၊ ကျော်ရွာ ရွာထိပ် ၄ လုံးနဲ့ လယ်ပြင်ရွာထိပ် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းကလည်း အောက်တောရွာက လူနေအိမ် နှစ်လုံးကို စစ် ကောင်စီတပ်က မီးရှို့ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up