မက္ကဆီကိုနှင့်ကန်မည့်ပွဲက ဗိုလ်လုပွဲတစ်ပွဲကဲ့သို့ဖြစ်လာမည်ဟု အာဂျင်တီးနားတိုက်စစ်မှူး မာတီနက်ဇ်သုံးသပ်

မက္ကဆီကိုနဲ့ အုပ်စုဒုတိယပွဲစဉ်ဟာ ဗိုလ်လုပွဲတစ်ပွဲလို ဖြစ်လာလိမ့်မယ်လို့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်က ပြောပါတယ်။
အာဂျင်တီးနားဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မက္ကဆီကိုအသင်းကို အနိုင်ရမှ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ခွင့်ရှိမှာပါ။
တိုက်စစ်မှူး မာတီနက်ဇ်ကတော့ မက္ကဆီကိုနဲ့ပွဲဟာ အခုနှစ်ကမ္ဘာ့ဖလားမျှော်လင့်ချက်ကို သတ်မှတ်ပေးမယ့်ပွဲဖြစ်ပြီး ဗိုလ်လုပွဲတပွဲလို ဖြစ်လာနိုင်ကြောင်း၊ တည်ငြိမ်မှုရှိရှိနဲ့ အာရုံစိုက်ကစားနိုင်ဖို့လိုအပ်ကြောင်း မာတီနက်ဇ်က ပြောပါတယ်။
နည်းပြ စကယ်လိုနီကတော့ မက္ကဆီကိုနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်း တစ်နေရာ၊ နှစ်နေရာလောက် အပြောင်းအလဲလုပ်နိုင်တာကလွဲရင် ကစားပုံကို ပြုပြင်ပြောင်းလဲစရာ မလိုအပ်ကြောင်း ပြောပါတယ်။ မက္ကဆီကိုအသင်းကတော့ အုပ်စုအဖွင့်ပွဲစဉ်မှာ ပိုလန်နဲ့ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။