close

တရုတ်တွင် ဆန္ဒပြပွဲများကြောင့် ရင်းနှီးမြုပ်နှံသူများ ထွက်ခွာ

တရုတ်အစိုးရရဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ ရှားရှားပါးပါး ဆန္ဒပြပွဲတွေကြောင့် စျေးကွက်မတည်ငြိမ်မှာ စိုးရိမ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ ရန်ပုံငွေ တွေကို တရုတ်နိုင်ငံထဲကနေ ရွှေ့ပြောင်းနေကြပြီလို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

တရုတ်မြို့ကြီးတွေမှာ နိုဝင်ဘာ ၂၈ ရက်က စတော့ရှယ်ယာတွေနဲ့ ကုန်စည် ဈေးနှုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။

သီတင်းပတ် ကုန်ရက်က တရုတ်မြို့ကြီးအတော်များများမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့လို့ ပြီးခဲ့တဲ့အပတ်က စျေးကွက်တွေမှာ စတော့ရှယ်ယာ တန်ဖိုးတက်နေရာက ရပ် သွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေကြောင့် တရုတ်စီးပွားရေးတိုးတက်မှုအပေါ် ကြောက်စိတ်ဝင်နေကြလို့ ကြေးနီနဲ့ တခြားသတ္တုတွေ စတော့စျေးနှုန်းကျဆင်းခဲ့သလို တခြားကုန်စည်ဈေးကွက်တွေကိုလည်း ထိခိုက်ခဲ့ပါတယ်။

“သီတင်းပတ်ကုန်ရက်က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ကြည့်ရင် အာရှဈေးကွက်မှာ အခုမြင်နေရတာ က အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုပဲ” လို့ NATIXIS က အကြီးတန်း စီးပွားရေးပညာရှင် ဂါရီနောင်က ပြောပါတယ်။

အကြီးတန်းစီးပွားရေးပညာရှင် ဂါရီနောင်က "ပွင့်လင်းမြင်သာမှု သိပ်မရှိတာကြောင့် ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့ခက်တဲ့အတွက် အန္တရာယ် အဆိုးဆုံး အခြေအနေ တစ်ခုအောက်မှာ လုပ်ရမှာက တကယ်ကို ရောင်းထုတ်ပြီး ပိုင်ဆိုင်မှုကို ဘေးကင်းလုံခြုံတဲ့ တခြားနေရာတွေကို ခဏရွှေ့လိုက်တာပါ”လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်မူဝါဒတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ကြီးနေလို့  ရင်းနှီးမြှုပ်နှံသူတွေရဲ့ ခံစားချက်ကို နည်းပါးသွားစေပြီး နှေးကွေးနေသည့် စီးပွားရေးကို တွန်းအားပေးဖို့ ဒေါ်လာ ၇၀ ဘီလီယံလောက် ငွေဖြစ်လွယ်မှုကို လျှော့ချပေးနိုင်မယ့် အရန်ငွေ လိုအပ်ချက် အချိုးကို ဗဟိုဘဏ်က နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ ၄၀,၀၅၂ ဦးရှိပြီး စံချိန်တင် ကူးစက်မှုအသစ် ငါးရက်ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

ရှန်ဟိုင်း၊ ဝူဟန်၊ ချန်ဒူးနဲ့ ဘေဂျင်းမြို့တော်ရဲ့ အစိတ်အပိုင်းတွေမှာလည်း ကိုဗစ် ကန့်သတ်ချက်တွေ ချမှတ်ထားတာကြောင့် ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေနဲ့ ဆန္ဒပြမှုတွေကြောင့် တရုတ်နိုင်ငံအတွက် စီးပွားရေးထိခိုက်မှုဟာ ပထမမျှော်လင့်ထားတာထက် ပိုများလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up