close

ရိုက်တာ၏ အနာဂတ်ခေါင်းဆောင်မှု ထိပ်သီးဆွေးနွေးပွဲ၌ NUG ယာယီသမ္မတ ပါဝင်ဆွေးနွေးမည်

ယူကေနိုင်ငံ လန်ဒန်မြို့အခြေစိုက် ရိုက်တာသတင်းဌာနက စီစဉ်တဲ့  အနာဂတ်ခေါင်းဆောင်မှု ထိပ်သီးဆွေးနွေးပွဲ  REUTERS Next Leadership Summit နဲ့  Global Broadcast ထုတ်လွှင့်မှု အစီအစဉ်မှာ   အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ယာယီသမ္မတဒူဝါလရှီးလ ပါဝင်ဆွေးနွေးပြောကြားဖို့ရှိနေပါတယ်။

ဒီဇင်ဘာ ၁ ရက်  မြန်မာစံတော်ချိန် နေ့လယ်  ၂ နာရီ ၁၀ မိနစ်မှာ ထုတ်လွှင့်ပြသမယ့် ဒီအစီစဉ်မှာ ယာယီသမ္မတဒူဝါလရှီးလက မြန်မာ့ဒီမိုကရေစီအရေးနဲ့ အမျိုးသားတန်းတူအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုတွေကို  ဆွေးနွေးပြောကြားမယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

ပိုမိုကောင်းမွန်တဲ့မနက်ဖန်အတွက် အတွေးသစ်အမြင်သစ်တွေကို ချပြဆွေးနွေးကြမယ် ဒီအစီအစဉ်မှာ ကနေဒါဝန်ကြီးချုပ် ထရူးစ်ဒိုး၊ လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂရီဒါရှိမွန်နီတာ ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာရာရှိယိုရှီမာဆာ၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ အမေရိကန်နိုင်ငံတို့က ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေနဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေးဗစ်မယ်လ်ပတ်စ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့IMF မန်နေးဂျင်းဒါရိုက်တာ ခရစ္စတာလီနာဂျောဂျီဗာတို့ အပါဝင် ကမ္ဘာ့ နိုင်ငံရေးနဲ့  စီးပွားရေးခေါင်းဆောင်တွေ ပါဝင်ဟောပြောသွားကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up