close

ရွှေရောင်မျိုးဆက်သစ် ထွက်ပေါ်လာသဖြင့် သြစတြေးလျနည်းပြ ဂုဏ်ယူ

ကမ္ဘာ့ဖလားမှာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ရွှေရောင်မျိုးဆက်သစ် ထွက်ပေါ်လာတဲ့အတွက် ဂုဏ်ယူကြောင်း သြစတြေးလျနည်းပြ အာနိုးလ်က ပြောပါတယ်။

သြစတြေးလျအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရမှတ် ၆ မှတ်နဲ့ နောက်တတဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

ကမ္ဘာ့အဆင့် ၁၀ အတွင်းမှာရှိတဲ့ ဒိန်းမတ်အသင်းကို စည်းစနစ်တကျကစားပြီး တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်ကစားသွားပုံက ဂုဏ်ယူစရာကောင်းတယ်လို့ နည်းပြ အာနိုးလ်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိအစုအဖွဲ့ဟာ ရွှေရောင်မျိုးဆက်သစ်အသင်းလို့ ဆိုနိုင်ပြီး ၂၀၀၆ ခုနှစ်က ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ချိန်က ၄ မှတ်ပဲရခဲ့ပေမဲ့ အခုနှစ်ပြိုင်ပွဲမှာ ရမှတ် ၆ မှတ်နဲ့ တက်ရောက်နိုင်ခဲ့တာလို့ နည်းပြအာနိုးလ်က ချီးကျူးပါတယ်။

အုပ်စုအောက်ဆုံးနေရာကနေ ထွက်ခဲ့ရတဲ့ ဒိန်းမတ်နည်းပြ ကတ်စ်ပါကတော့ ဒိန်းမတ်ကစားသမားတွေဟာ ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းကို မရောက်ခဲ့ကြဘူးလို့ ဝေဖန်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up