close

ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စကြောင့် အင်္ဂလန်လူစာရင်းကနေ နောက်ခံလူ ဘင်ဝှိုက် နုတ်ထွက်

အင်္ဂလန်နောက်ခံလူ ဘင်ဝှိုက်ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတခုကြောင့် အင်္ဂလန်လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး အင်္ဂလန် ပြန်ရောက်နေပြီလို့ သိရပါတယ်။

အင်္ဂလန်အသင်းဘက်က အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘင်ဝှိုက်ဟာ ကာတာနိုင်ငံကနေ ပြန်လာပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ မရှိတော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကစားသမားဖြစ်သူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ ဖြစ်တာကြောင့် အင်္ဂလန်အသင်းဘက်က လူစာရင်းကနေ နုတ်ထွက်သွားတဲ့ အကြောင်းကိစ္စကို ထည့်သွင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

အာဆင်နယ်နောက်ခံလူဟာ ဝေးလ်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပွဲကစားခွင့်ရဖို့ ရှိခဲ့ပေမဲ့ ဖျားနာမှုကြောင့် မကစားနိုင်ခဲ့သလို လက်ကျန်အုပ်စု ၂ ပွဲမှာလည်း ကစားခွင့်မရခဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up