close

မြန်မာဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုခွင့်ပြုရန် ထိုင်းအစိုးရကို UNHCR တောင်းဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေ ခိုလှုံနေထိုင်နေကြတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေ ပြည့်စုံခြင်းရှိ၊ မရှိကို သွားရောက်ကြည့်ရှုလေ့လာခွင့်ရဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က ထိုင်းအစိုးရကို ခွင့်တောင်းထားတယ်လို့  Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရက ပိတ်ပင်ထားတာကြောင့် UNHCR အနေနဲ့ ယာယီဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ အခက်အခဲတွေ့နေရကြောင်း UNHCRရဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ်  မစ္စတာ ဂျူးဇက်ပေဒီဗင်ဆန်တိစ်က  နိုဝင်ဘာလ ၂၉ ၇က်မှာ ပြောပါတယ်။ 

“ဒီလူတွေအတွက် နယ်စပ်တံခါးဖွင့်ပေးတာကတော့ ထိုင်းအစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှုကို ပြသတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာဖို့အတွက် ထိုင်းအစိုးရက ကျနော်တို့ကို ခွင့်ပြုစေချင်ပါတယ်။ ကျနော်တို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အမြဲတမ်းငြင်းပယ်ခံခဲ့ရပါတယ်။”

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကနေ ထွက်ပြေးလွတ်မြောက်လာသူတွေအပေါ် ထိုင်းအစိုးရက စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့ကူညီနေတဲ့အပေါ် UNHCR က ထောက်ခံတယ်လို့လည်း ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြသူတွေအတွက် နယ်စပ်တံခါးဖွင့်ပေးထားခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို သဘောကျထောက်ခံတယ်လို့လည်း ဗင်ဆန်တိစ်က ပြောပါတယ်။ 

မြန်မာနိုင်ငံကနေ စွန့်ခွာထွက်ပြေးလာခဲ့တဲ့ မြန်မာနိုင်ငံသားဒုက္ခသည် ၉၀,၀၀၀ လောက်ဟာ တာခ်ခ၊ မယ်ဟောင်ဆောင်၊ ရက်ချ်ဘူရီနဲ့ ကန်ချနဘူရီ ခရိုင်တွေမှာ နေထိုင်နေကြတာ နှစ်ပေါင်း ၃၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသူတွေကို ထိုင်း အစိုးရက  အကူအညီတွေပေးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတိုက်ပွဲတွေဟာလည်း ထိုင်းနယ်မြေထဲအထိလာပြီး ထိခိုက်မှုတွေရှိစေခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အကြမ်းဖက်မှုတွေကြောင့် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးလာခဲ့သူ ဘယ်နှယောက်ရှိသလဲဆိုတာ မသိနိုင်သေးဘူးလို့ဆိုပါတယ်။ လူတွေက ဝင်လာလိုက် ထွက်သွားလိုက်နဲ့ တည်ငြိမ်မှုမရှိတာကြောင့် ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနကလည်း မတိကျတဲ့ ခန့်မှန်းအရေအတွက်ကိုသာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်စခန်းမှာရောက်နေသူတွေရဲ့ သုံးပုံတပုံဟာ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ ဖြစ်ပြီး သူတို့အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးကိုလည်း ထိုင်းအစိုးရအပြင် မြန်မာဘက်က အာဏာပိုင်တွေနဲ့ပါ UNHCR က ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဒါပေမဲ့လည်း အလုပ်အကိုင်ရရှိရေးအတွက် ထိုင်းအစိုးရရဲ့ အလုပ်သမားဥပဒေအရ လိုအပ်တဲ့ စာရွက်စာတမ်းတွေရှိနေတာကြောင့် လုံးဝအလုပ်အကိုင် မရနိုင်တာမဟုတ်ပေမဲ့ အခက်အခဲတွေများစွာ ရှိနေတယ်လို့  ဗင်ဆန်တိစ်က ပြောပါတယ်။ 

“ဒုက္ခသည် ၉၀၀၀၀ ခန့်မှာ ၁၀၀၀ ကတော့ ထိုင်းနိုင်ငံမှာ အလုပ်ရှိနေကြပါပြီ။ အာဏာသိမ်းထားတဲ့ လက်ရှိအခြေအနေအရ သူတို့ထဲက အများစုဟာ မြန်မာနိုင်ငံပြန်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေယူဖို့ မဖြစ်နိုင်ဘူး။”

အဲဒီဒုက္ခသည်တွေကို အကာအကွယ်ပေးရေး၊ အကြမ်းဖက်မှုအန္တရာယ်ကင်းရှင်းရေးနဲ့ အခြေခံစားဝတ်နေရေးဖူလုံရေးတို့အတွက် UNHCR က တာဝန်ယူပြီး ထိုင်းအစိုးရကို ကူညီပေးနေကျဖြစ်တယ်လို့ မစ္စတာဗင်ဆန်တိစ်က ပြောပါတယ်။ 

အခြေအနေပေးလာတဲ့အခါ ဒီလူတွေကို အန္တရာယ်ကင်းစွာနဲ့ နေရပ်ပြန်ပို့နိုင်ရေးအတွက်ကိုလည်း UNHCR က ကူညီအဖြေရှာပေးနေတယ်လို့ ဆိုပါတယ်။ 

Ref-Bangkokpost

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up