close

ရထားဝန်ထမ်းသပိတ် အရေးယူဆောင်ရွက်ရန် လွှတ်တော်ကို သမ္မတ ဘိုင်ဒင် တိုက်တွန်း

အမေရိကန်ပြည်ထောင်စုမှာ ရိက္ခာနဲ့ လောင်စာဆီ တင်ပို့မှုကို ရပ်တန့်သွားစေပြီး ရထားစီး ခရီးသွားတွေ လမ်းမှာ သောင်တင်နိုင်ခြေရှိတဲ့ ရထားလမ်းလုပ်သားတွေ မပြေလည်မှုအကြား ဖြစ်လာနိုင်ခြေရှိတဲ့ ရထားဝန်ထမ်းများသပိတ်ကို ရှောင်လွှဲဖို့ လွှတ်တော်က အရေးယူဆောင်ရွက်ဖို့ လိုအပ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဘိုင်ဒင်ဟာ ရထားလမ်းလုပ်သားတွေနဲ့ အော်ပရေတာတွေအကြား အကြိုသဘောတူစာချုပ်ကို ချမှတ်ရေး ဥပဒေပြုဖို့ မနေ့ကပဲ ကွန်ဂရက်ကို မေးမြန်းခဲ့ပါတယ်။

လာမယ့်နှစ် အစောပိုင်းမှာ အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေ မထိန်းချုပ်ခင် ယူကရိန်းနဲ့ ကိုဗစ်-၁၉ အတွက် ရန်ပုံငွေရရှိရေးဟာ သူ့ရဲ့ ဦးစားပေးဖြစ်ကြောင်း ဘိုင်ဒင်က ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲစချိန်မှာ ဘိုင်ဒင်က ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပိုမိုထောက်ပံ့တာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကို တိုက်ဖျက်ဖို့အတွက် ရန်ပုံငွေအစီအမံ ကိစ္စတွေဟာ အခုချိန်နဲ့ ခရစ္စမတ်ကြားကာလမှာ ဥပဒေပြုရေးအတွက် ဦးစားပေး ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက ပွတ်ကာသီကာ မဲအနိုင်ရသွားတာကြောင့် ဇန်နဝါရီမှာ နေရာဝင်ယူကြတော့မှာဖြစ်လို့ လာမယ့် ၂ နှစ်အတွက် ဘိုင်ဒင်ရဲ့ အစီအစဉ်တွေကို ရှုပ်ထွေးစေပါတယ်။ ဘိုင်ဒင်ရဲ့ ဒီမိုကရက်တွေဟာ အထက်လွှတ်တော်ကိုတော့ ဆက်ထိန်းချုပ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up