close

နည်းပြကိုထုတ်ပြီး ရေတိုဖြေရှင်းမှုမလုပ်ရန် ဂျာမန်အက်ဖ်အေကို ဘားလက်ခ်တိုက်တွန်း

ဂျာမန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နည်းပြကိုထုတ်ပယ်ပြီး ရေတိုဖြေရှင်းတာမျိုးမလုပ်ဖို့ ကွင်းလယ်လူ ဟောင်းဘားလက်ခ်က တိုက်တွန်းသွားပါတယ်။

ဂျာမန်အက်ဖ်အေဟာ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် နည်းပြ ဂျိုအာချင်လိုးနဲ့ လမ်းခွဲခဲ့ပါတယ်။

အခုနှစ် ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေပဲ ထပ်မံထွက်ခဲ့ရပြီးနောက်မှာ ၂၀၁၈ ခုနှစ်ကလို အမှားမျိုးမကျူးလွန်သင့်ကြောင်းနဲ့ နည်းပြကိုထုတ်ပယ်ပြီး ရေတိုဖြေရှင်းမလုပ်ဆောင်သင့်ကြောင်း ဘားလက်ခ်က ပြောပါတယ်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဝေဖန်ဆန်းစစ်ဖို့လိုအပ်ပြီး အသင်း နည်းပြပိုင်းနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေထွက်ပေါ်လာလိမ့်မယ်လို့လည်း ဘားလက်ခ်က ပြောပါတယ်။

ဂျာမနီအသင်းကို ဘိုင်ယန်နည်းပြဟောင်းဟန်စီဖလစ်ခ်က တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းမှာ ဆက်ရှိမလားဆိုတာ မကြာခင်မှာဆုံးဖြတ်သွားဖို့ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up