close

အသက် ၇၄ နှစ်ရှိ နည်းပြရွိုင်းဟော့ဆန်ကို ရာသီကုန်အထိ ဝက်ဖို့ဒ်အသင်း ခန့်အပ်

ဝက်ဖို့ဒ်အသင်းဟာ နည်းပြ ရာနီယာရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသက် ၇၄ နှစ်ရှိ အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဆန်ကို နည်းပြချုပ်အနေနဲ့ ခန့်အပ်လိုက်ပါတယ်။ 

လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံရယူဖူးတဲ့ အီတလီနည်းပြ ရာနီယာရီဟာ ဝက်ဖို့ဒ်အသင်းမှာ ၁၆ ပတ်သာ ကိုင်တွယ်ခဲ့ပြီး ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် ရာထူးကနေထုတ်ပယ်ခံခဲ့ရတာပါ။ 

နည်းပြ ရွိုင်းဟော့ဆန်ဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့အသင်းကိုကိုင်တွယ်ခဲ့ပြီး အခုနှစ်ရာ သီမှာ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

နည်းပြရွိုင်းဟော့ဆန်ကို နည်းပြချုပ်အနေနဲ့ ခန့်အပ်ကြောင်း ဝက်ဖို့ဒ်အသင်းကလည်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး စာချုပ်သက်တမ်းမပါဝင်ပေမယ့် ရာသီကုန်အထိ ချုပ်ဆိုပြီး ပြန်လည်ဆွေးနွေးဖို့ရှိပါတယ်။ 

ဝက်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၂၀ အပြီးမှာ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ 

နည်းပြသစ်ဟော့ဆန်အနေနဲ့ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့က အဓိကပစ်မှတ်အဖြစ် ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up