close

နည်းပြရာထူးအတွက် ဝိန်းရွန်းနီ၊ ဖရန့်လမ်းပတ်တို့နှင့် အဲဗာတန်အသင်း ဆွေးနွေးမည်

အဲဗာတန်အသင်းဟာ နည်းပြသစ်ရာထူးအတွက် ဝိန်းရွန်းနီ၊ ဖရန့်လမ်းပတ်တို့နဲ့ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် နည်းပြဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ စီစဉ်နေတာပါ။

နည်းပြသစ် လျာထားစာရင်းမှာ ၄ ဦးအထိရှိနေပြီး အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ရွန်းနီနဲ့ လမ်းပတ်တို့လည်း ပါဝင်နေတာပါ။

လက်ရှိအချိန်မှာ ဝိန်းရွန်းနီက ဒါဘီအသင်းကို ကိုင်တွယ်နေပြီး ဖရန့်လမ်းပတ်က အသင်းလက်မဲ့ ဖြစ်နေပါတယ်။

အင်္ဂလန်ကစားသမားဟောင်း ၂ ဦးကို အဲဗာတန်အသင်းက အင်တာဗျူး ခေါ်ယူသွားမှာဖြစ်ပြီး ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ မသိရှိရသေးပါဘူး။

အဲဗာတန်အသင်းဟာ  ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ အသင်းနည်းပြဟောင်း မာတီနက်ဇ်နဲ့လည်း ချိတ်ဆက်နေသလို ဘိုင်ယန်နည်းပြဟောင်း နီကိုကိုဗက်နဲ့လည်း သတင်းထွက်နေပါတယ်။

လက်ရှိအချိန်မှာတော့  ဒမ်ကန်ဖာဂူဆန်က ယာယီနည်းပြအနေနဲ့ ဗီလာနဲ့ပွဲကို တာဝန်ယူသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up