close

စစ်ကောင်စီတပ်သား ၃ ဦး လက်နက်များနဲ့အတူ ချင်းလက်နက်ကိုင်အဖွဲ့ထံ လာရောက်ပူးပေါင်း

ချင်းပြည်နယ်၊ ဟားခါးမှာ စစ်ကောင်စီရဲ့ တပ်ရင်း ၂၆၆ မှ တပ်သား သုံးယောက် လက်နက်တွေနဲ့အတူ Chindland Defence Force (CDF-Senthang) ထံကို  လာရောက်ပူးပေါင်းခဲ့တယ်လို့ CDF-Senthang က ဒီဇင်ဘာ ၆ ရက်မှာ သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်ရင်း ၂၆၆ မှ ပြည်သူ့ဘက်တော်သား ၃ ဦးဟာ MA 1 သေနတ်တလက်နဲ့ ကျည်ပါဝင်တဲ့ တခြားလက်နက်တွေနဲ့အတူ CDF-Senthang ကို လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

CDF-Senthang တာဝန်ရှိသူက “ရာထူးတွေကတော့ အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၂၆၆ တပ်သားတွေပါပဲ။ ဒီတော်လှန်ရေးက စစ်တပ်ကို တော်လှန်တာပဲ မဟုတ်ဘဲ အာဏာရှင်စနစ်ဆိုးကို တော်လှန်နေတာကြောင့်မလို့ CDM ဝင်လာကြပါ။ CDM ဝင်လာကြသူတွေကို ကျနော်တို့ဘက်က welcome ပါပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ လာရောက်ပူးပေါင်းတဲ့ ပြည်သူ့ဘက်တော်သားတွေကို ထိုက်သင့်တဲ့ဆုကြေးတွေ၊ လက်ဆောင်တွေ ပေးအပ်ထားပြီးဖြစ်သလို လုံခြုံစိတ်ချရတဲ့ဒေသကို ပို့ဆောင်ပေးထားပြီး ဖြစ်တယ်လို့ CDF-Senthang အဖွဲ့ထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up