ဟော်လန်တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူနိုင်ရေး ရက်ပိုင်းအတွင်း မန်ယူ ဆွေးနွေးမည်

မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူနိုင်ရေးအတွက် ပီအက်စ်ဗွီအသင်းနဲ့ ရက်ပိုင်းအတွင်းမှာ ဆွေးနွေးသွားမယ်လို့သိရပါတယ်။
စီရော်နယ်ဒိုနဲ့ လမ်းခွဲထားတဲ့ ယူနိုက်တက်ဟာ တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိတာပါ။
ဂတ်ပိုဟာ ဟော်လန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုးသွင်းပြီး ခြေစွမ်းပြနေသူပါ။ ပီအက်စ်ဗွီအသင်းဘက်ကတော့ ဂတ်ပိုအတွက် ပေါင်သန်း ၅၀ ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သတင်းထွက်နေပါတယ်။
အသက် ၂၃ နှစ်ရှိ ဂတ်ပိုကို ပြီးခဲ့တဲ့နွေရာသီက လိဒ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတွေကလည်း ကမ်းလှမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။
အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဂတ်ပိုဟာ ပီအက်စ်ဗွီ အတွက် ၁၃ ဂိုး သွင်းယူပေးထားပါတယ်။