close

ကလေး PDF ရဲဘော်များက ဒေသခံတောင်သူများကို စပါးကူရိတ်ပေး (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေး PDF တပ်ရင်း-၂ က ရဲဘော်တွေဟာ ဒေသခံ တောင်သူလယ်သမားတွေကို ကောက်ပဲသီးနှံ ဆန်စပါးတွေ ကူညီရိတ်သိမ်းပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ‌တွေ‌ ခေတ္တရပ်နားနေတဲ့ လတ်တလောရက်ပိုင်းအတွင်းမှာ ကူညီရိတ်သိမ်းပေးခဲ့ကြတာဖြစ်ပြီး ပြည်သူတွေလိုအပ်နေတဲ့အချိန်မှာ PDF ဆိုတာ အဆင်သင့်ရှိနေရမယ်လို့ ကလေး PDF တပ်ရင်း-၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ ပြည်သူကိုအ​ခြေပြုထားတဲ့အတွက် ကိုယ်ရောက်တဲ့နေရာမှာ ပြည်သူတွေ အကူအညီ လိုအပ်နေလို့ ကူညီပေးတာပါဗျ။ နေ့စားအလုပ်သမားတွေလည်း မရကြဘူး။ ငွေကြေးအခက်အခဲရော ရှိကြတော့ စက်လည်းမငှားနိုင်ကြဘူး။ အာ့ကြောင့် ရောက်တဲ့နေရာမှာ ပြည်သူတွေ အကူအညီ လိုအပ်နေကြလို့ ကူညီရိတ်သိမ်းပေးတာပါဗျ။”

မိမိတို့တပ်ဖွဲ့တွေက ကောက်ပဲသီးနှံဆန်စပါး‌တွေ ရိတ်သိမ်းကူညီပေးတဲ့အတွက် ဒေသခံတောင်သူတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေ လျင်မြန်ချောမွေ့စွာ ပြီးမြောက်ကြပြီး ဒေသခံတောင်သူတွေက မိမိတို့တပ်ဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်စကားတွေ ပြောကြားကြလို့ ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ကလေး PDF တပ်ရင်း-၂ က ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တွေဟာ တခြား ကလေးနယ်က မဟာမိတ်တပ်ရင်းတွေနဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ တပ်ရင်းတပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ- ကလေးPdfတပ်ရင်း၂

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up