close

မက္ကဆီကိုတွင် လူအရွယ်အစားရှိ ရှေးဟောင်းရုပ်တု ရှာတွေ့

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ယူကာတန်ပြည်နယ်ရှိ အောက်ရှင်တွခ် ရှေးဟောင်းသုတေသန လုပ်ကွက်မှာ လူအရွယ်အစားရှိတဲ့ ရှေးဟောင်းရုပ်တုတခု ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ဒီဇင်ဘာ ၇ ရက်က အသိပေးကြေညာခဲ့ပါတယ်။ ဒီရုပ်တုဟာ ထုံးတမ်းစဉ်လာအရ ပူဇော်ထားတဲ့ စစ်သည်တော်တဦး ဖြစ်ပုံရတယ်လို့ ယူဆထားပါတယ်။

မက္ကဆီကို အမျိုးသား ရှေးဟောင်းသုတေသနနဲ့ သမိုင်းကြောင်းဆိုင်ရာ အင်စတီကျု (INAH) ရဲ့ ပညာရှင်တွေက ဒီထုံးကျောက်ရုပ်တုဟာ ၁ ဒသမ ၆၈ မီတာရှိပြီး အမျိုးသားတဦးပုံစံဖြစ်သလို ရိုးရာပွဲအခမ်းအနားမှာ ပူဇော်ခံထားရတဲ့ အကျဉ်းသားတဦး ဖြစ်နိုင်တယ်လို့ ယုံကြည်ထားတာပါ။

အောက်ရှင်တွခ်ရဲ့ ပရောဂျက်ဒါရိုက်တာဖြစ်သူ လူးဝစ်ပန်တော့ဂျာကတော့ ဒီရုပ်တုဟာ မာယာခေတ်က လူတွေနဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး သက်ဆိုင်တဲ့ အတွေးအခေါ်တွေကို ကိုယ်စားပြုပေးနိုင်တဲ့ပုံ ပေါ်လွင်တယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ပြန်လည်မွမ်းမံထိန်းသိမ်းထားတဲ့ အဆောက်အအုံတွေထဲက တခုမှာ ဒီရှေးဟောင်းရုပ်တုကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒီအဆောက်အအုံရဲ့ နံရံနဲ့ လှေကားထစ်တွေမှာလည်း ရုပ်ပုံထွင်းထုထားတာတွေ၊ စာကမ္ပည်း ရေးထိုးထားတွေကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up