close

ပြင်သစ်ကိုရှုံးနိမ့်ခဲ့သော်လည်း ကစားသမားများ၏ ခြေစွမ်းကို အင်္ဂလန်နည်းပြဆောက်ဂိတ်ချီးကျူး

ပြင်သစ်အသင်းကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပေမယ့် အင်္ဂလန် ကစားသမားတွေရဲ့ခြေစွမ်းကို နည်းပြ ဆောက်ဂိတ်ကချီးကျူးပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံပြင်သစ်ကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာ အင်္ဂလန်အသင်းဒုတိယအကြိမ် ပင်နယ်တီရခဲ့ပေမယ့် ဟယ်ရီကိန်းက ဝင်အောင် မကန်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ အင်္ဂလန်ကစားသမားတွေရဲ့ခြေစွမ်းက နိုင်ပွဲနဲ့ ထိုက်တန်မှုရှိခဲ့ပေမဲ့ ဂိုးရလဒ်ကသာ အဆုံးအဖြတ် ဖြစ်ကြောင်း၊ ပြင်သစ်အသင်းလို ထိပ်တန်းအသင်းကို အမှန်တကယ် ကောင်းမွန်စွာ ကစားပြနိုင်ခဲ့ကြောင်း နည်းပြဆောက်ဂိတ်ကပြောပါတယ်။

“ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ အသင်းတစ်သင်းအနေနဲ့ ခြေစွမ်းတိုးတက်လာမှုတွေက အံ့မခန်းပါပဲ။ ကစားသမားတွေကို မင်းတို့အခုထက် ပို ကောင်းအောင်ကစားနိုင်မှာမဟုတ်တော့ဘူး။ မင်းတို့ကစားတာသိပ်ကောင်းခဲ့တယ်လို့ ကျနော်ပြောခဲ့တယ်”လို့ နည်းပြဆောက်ဂိတ်က ပြန်ပြောပြပါတယ်။

ပင်နယ်တီမဝင်ခဲ့တဲ့ ဟယ်ရီကိန်းအပေါ်မှာတော့ ရှုံးရင်လည်းအတူတူ၊ နိုင်ရင်လည်း အတူတူ ဆိုပြီး နည်းပြဆောက်ဂိတ်က ကာကွယ်ပြောသွားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up