နည်းပြဆောက်ဂိတ်ရာထူးကမထွက်သေးတာကို အံ့အားသင့်မိကြောင်း ဂျိုယေးဘာတန်ဝေဖန်

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ကမ္ဘာ့ဖလားကနေထွက်ခဲ့ရပြီးနောက် နည်းပြရာထူးကနေ မနုတ်ထွက်သေးတာဟာ အံ့အားသင့်စရာကောင်းကြောင်း ဂျိုယေးဘာတန်က ဝေဖန်ပါတယ်။
နည်းပြဆောက်ဂိတ်ဟာ ပြင်သစ်အသင်းကို အနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့လို့ ကွာတားဖိုင် နယ်အဆင့်ကနေ ထွက်ခဲ့ရတာပါ။
ဘောလုံးကျွမ်းကျင်သူအများစုနဲ့ အင်္ဂလန်ကစားသမားတွေက နည်းပြဆောက်ဂိတ်ကို ဆက်ပြီးတာဝန်ပေးသင့်ကြောင်း တိုက်တွန်းခဲ့ကြပေမယ့် နည်းပြဘာတန် ကတော့ နုတ်ထွက်ခြင်းမရှိသေးတာကို မယုံကြည်နိုင်ကြောင်းပြောသွားတာပါ။
“ရှုံးနိမ့်ခဲ့တာကို ချီးကျူးနေကြတာတွေရပ်သင့်ပါပြီ။ အောင်မြင်မှုရှာဖွေနိုင်မယ့်နည်းပြတစ်ဦးကို ခန့်အပ်ဖို့ အချိန်တန်ပါပြီ။ ဆောက်ဂိတ်အနေနဲ့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်နဲ့ ယူရိုပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူနိုင်ခဲ့သင့်တယ်” လို့ ဘာတန်ကပြောပါတယ်။
ထောင်ထွက်လူမိုက်လို့ ခေါ်ကြတဲ့ ဂျိုယေးဘာတန်ဟာ တချိန်က မန်စီးတီး၊ နယူးကာဆယ်၊ ကျုပီအာ စတဲ့အသင်းတွေမှာကစားခဲ့သူပါ။ လက်ရှိ အချိန်မှာတော့ လိဂ်ဝမ်းကလပ် ဘရစ္စတိုးလ်ရိုဗာအသင်းနည်းပြချုပ်အဖြစ်တာဝန်ယူ နေပါတယ်။