close

အီရန်နိုင်ငံကို ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့မှ ထုတ်ပယ်

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို ဆန့်ကျင်တဲ့ မူဝါဒကြောင့် အီရန်နိုင်ငံကို ဒီဇင်ဘာ ၁၄ ရက်က ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ကနေ ဖယ်ထုတ်လိုက်ပါတယ်။

ဒါဟာ အချုပ်ခန်းအတွင်း အမျိုးသမီးငယ်တဦး သေဆုံးခဲ့ရာကနေ အစပြုလာတဲ့ ဆန္ဒပြပွဲတွေကို တီဟီရန်က ရက်ရက်စက်စက် ဖြိုခွဲပြီးနောက်မှာ အဖွဲ့ဝင် ၅၄ ဦးပါ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီ (ECOSOC)က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိတဲ့သက်တမ်းအတွက် အမျိုးသမီးတွေရဲ့ အဆင့်အတန်းဆိုင်ရာ ကော်မရှင်မှ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ချက်ချင်းဖယ်ရှားဖို့ ဆိုတဲ့ အမေရိကန်က ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဗုဒ္ဓဟူးနေ့က ထောက်ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၈ မဲနဲ့ ကြားနေမဲ ၁၆ မဲ ပေးအတည်ပြုခဲ့တာဖြစ်ပါတယ်။

တီဟီရန်က အဖွဲ့ဝင်ဖြစ်နေတာဟာ ကော်မရှင်ရဲ့ ယုံကြည်ကိုးစားမှုအပေါ် အကျည်းတန်တဲ့ အစွန်းအထင်းတခု ဖြစ်နေတာကြောင့် အီရန်ကို ဖယ်ရှားတာဟာ လုပ်သင့်လုပ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က မဲခွဲမဆုံးဖြတ်ခင်မှာ ECOSOC ကို ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး အာမီယာ ဆေအစ်ဒ် အိုင်ရာဗာနီက အမေရိကန်ရဲ့လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ ပြောဆိုပြီး အမေရိကန်ရဲ့ အနိုင်ကျင့်မှုလို့ ဖော်ပြခဲ့ပါတယ်။

အီရန်နိုင်ငံမှာအာဏာရအစိုးရကို ဆန့်ကျင်ကန့်ကွက်မှုတွေမှာ ပါဝင်ကြတဲ့လူတွေကို ဒုတိယမြောက် ကွပ်မျက်မှုအဖြစ် အမျိုးသားတဦးကို တနင်္လာနေ့တုန်းက လူမြင်ကွင်းမှာ ကြိုးပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up