တိုက်စစ်မှူး ဘင်ဇီမာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားမည့် ပြင်သစ်အသင်းနှင့် ပူးပေါင်းရန်မရှိ

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ခြေစွမ်းပွဲမှာပါဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ ပြင်သစ် အသင်းနဲ့ ပူးပေါင်းဖို့မရှိတော့ဘူးလို့ သိရပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲအစမှာပဲ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။
သောကြောနေ့က ကစားခဲ့တဲ့ လီဟီနက်ဇ်နဲ့ ခြေစမ်းပွဲမှာ ဘင်ဇီမာက အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပြီး ပါဝင်ကစားခဲ့ပါတယ်။
ဒါကြောင့် တနင်္ဂနွေနေ့မှာကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘင်ဇီမာကို တွေ့မြင့်ရဖို့မရှိတော့ဘဲ ရီးရဲလ်အသင်းကလည်း ပြန်လည်စေလွှတ်ခြင်းမပြုတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဘင်ဇီမာဟာ ပြင်သစ်အသင်းရဲ့ ၂၆ ဦးစာရင်းမှာ ပါဝင်နေဆဲဖြစ်ပြီး ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ရှိနေတာပါ။
နည်းပြ ဒစ်ရှ်ရွှန့်ကတော့ ဘင်ဇီမာကို ပြန်ခေါ်မလားဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး မဖြေလိုကြောင်းနဲ့ နောက်ထပ်မေးခွန်းသာမေးဖို့ မေတ္တာရပ်ခံသွားခဲ့ပါတယ်။