အင်္ဂလန်ကို အနိုင်ယူမယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း ပြင်သစ်သမ္မတပြော

အင်္ဂလန်အသင်းကို ပြင်သစ်အသင်းက အနိုင်ယူမယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း ပြင်သစ်သမ္မတ အီမန်နူယယ်မက်ခ်ရွန်က ပြောပါတယ်။
ပြင်သစ်သမ္မတဟာ ပိုလန်နဲ့ပွဲစဉ် မတိုင်မီကလည်း ပြင်သစ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလိမ့်မယ်လို့ ကွက်တိခန့်မှန်းခဲ့သူပါ။
ဒါ့အပြင် ဂိုးသွင်းမယ့်သူတွေကိုပါ မှန်ကန်အောင် ကြိုတင်ခန့်မှန်းနိုင်ခဲ့လို့ ပရိသတ်တွေကြားမှာ လူပြောများခဲ့ပါသေးတယ်။
အင်္ဂလန်အသင်းနဲ့ ကွာတားဖိုင်နယ်မတိုင်ခင်မှာ ခန့်မှန်းသုံးသပ်ရာမှာလည်း အင်္ဂလန်ကို အနိုင်ယူမယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း ပြင်သစ်ရေဒီယိုနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။
မာဆေးအသင်းပရိသတ်ဖြစ်ကြောင်း ဝန်ခံထားတဲ့ ပြင်သစ်သမ္မတဟာ အင်္ဂလန်နဲ့ပွဲမှာတော့ ဂိုးရလဒ်ကို မခန့်မှန်းနိုင်ပေမဲ့ ပြင်သစ်က အနိုင်ရမယ်ဆိုတာကတော့ သေချာကြောင်း သုံးသပ်ခဲ့ပါတယ်။
ဂိုးရလဒ်နဲ့ ဂိုးသွင်းမယ့်သူ အပြည့်အစုံကိုတော့ ပွဲမတိုင်ခင် တရက်အလို ဒါမှမဟုတ် ပွဲထွက်လူစာရင်း သိရချိန်မှာ ခန့်မှန်းပေးမယ်လို့လည်း ပြင်သစ်သမ္မတက ကတိပေးသွားပါတယ်။