close

ပြင်သစ်အသင်းမှ အနားယူကြောင်း ဘင်ဇီမာတရားဝင်ကြေညာ

တိုက်စစ်မှူး ဘင်ဇီမာဟာ သူ့ရဲ့မွေးနေ့နဲ့ အချိန်ကိုက် ပြင်သစ်အသင်းကနေအနားယူကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

ဘင်ဇီမာဟာ ဒီဇင်ဘာ ၁၉ ရက်က အသက် ၃၅ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ နိုင်ငံအသင်းကနေ အနားယူကြောင်းကြေညာခဲ့တာပါ။

“ဒီနေ့ ကျနော် ရောက်ရှိနေတဲ့နေရာအတွက် အားထုတ်မှုတွေကော၊ အမှားတွေပါ လုပ်ဆောင်ခဲ့ပြီး အဲဒီအတွက် ဂုဏ်ယူမိပါတယ်။ ကျနော်ရဲ့ဇာတ်လမ်းကို ရေးပြီးပြီဖြစ်ပြီး ကျနော်နဲ့ ပြင်သစ်အသင်းရဲ့ ပတ်သက်မှုဟာလည်း အဆုံးသတ်သွားပါပြီ” လို့ ဘင်ဇီမာက ရေးသားခဲ့ပါတယ်။

ဘင်ဇီမာ ဟာ ဒဏ်ရာပြဿနာကြောင့် ကာတာကမ္ဘာ့ဖလားကိုလွဲချော်ခဲ့ပြီး ပြင်သစ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာလည်း ပါဝင်ခွင့်မရခဲ့သူပါ။

အသက်မပြည့်သူအမျိုးသမီးနဲ့ပတ်သက်ပြီး စုံစမ်းခြင်းခံခဲ့ရ တာကြောင့် ပြင်သစ်အသင်းမှာ ကစားခွင့်ပိတ်ပင်ခံခဲ့ရပါသေးတယ်။

ဒါပေမဲ့ ဒီဘက်နှစ်တွေ အတွင်းမှာပြန်လည်ရွေးချယ်ခံခဲ့ရပြီး ပြင်သစ်နဲ့ စုစုပေါင်း ၉၇ ပွဲမှာ ၃၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up