ဟယ်ရီကိန်း၏ အရည်အချင်းအပေါ် သံသယမဖြစ်ဟု နည်းပြကွန်တေချီးကျူး

တိုက်စစ်မှူးဟာရီကိန်းရဲ့ အရည်အချင်းအပေါ် သံသယဖြစ်ရာမလိုအပ်ကြောင်း စပါးနည်းပြကွန် တီကပြောပါတယ်။
ဟာရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အရ သက်ရောက်မှုတွေရှိလာနိုင်ကြောင်း ခန့်မှန်းသုံးသပ်ခဲ့ကြတာပါ။
ဒါပေမဲ့ ဘရန့်ဖို့ဒ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်းက ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အဆုံးအဖြတ်ပင်နယ်တီကို လွဲချော်ခဲ့လို့ ခံစားချက်ရှိခဲ့တာမှန်ပေမဲ့ သူ့ရဲ့ အရည်အသွေးနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် လုံးဝသံသယဖြစ်စရာမလိုအပ်ကြောင်း နည်းပြကွန်တေက ပြောပါတယ်။
ဟယ်ရီကိန်းကို အိမ်ရှင်ဘရန့်ဖို့ဒ်ပရိသတ်တွေက လှောင်ပြောင်မှုတွေရှိခဲ့ပေမယ့် ပြဿနာ မရှိခဲ့ဘဲ ဟယ်ရီကိန်းရဲ့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားမှုအပေါ် နည်းပြကွန်တေက ချီးကျူးသွားခဲ့ပါတယ်။