close

စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပမည့် တောင်ငူ မိုင်ဒါကွင်း၌ ဗုံးပေါက်

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်မယ့် မိုင်ဒါကွင်းမှာ ဒီဇင်ဘာ ၂၆ ရက်ညပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ကြိုတင်ပြင်တင်မှုတွေ ပြုလုပ်နေချိန် အုပ်ချုပ်ရေးပိုင်းက ပျော်ပွဲရွှင်ပွဲထည့်ထားတဲ့အတွက် ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်က ဦးဆောင်တော့ ထွေအုပ်နဲ့ အုပ်ချုပ်ရေးက ရန်ပုံငွေရှာတာပေါ့။ ရဟတ်တွေ၊ လောင်းကစားဝိုင်းတွေ ထည့်ထားတယ်။ ည ၉ နာရီက ဗုံးပေါက်တယ်၊ ထိတဲ့သူတွေရှိတယ်၊ လူနာတင်ယာဥ်တွေ သွားကြတာတွေ့တယ်။”

ဗုံးပေါက်ကွဲခဲ့တာ မှန်ပေမဲ့ စစ်ကောင်စီတပ်က ထိခိုက်မှုမရှိဘဲ ကလေးငယ်တဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးပေါက်တာက မိုင်ဒါကွင်း ကျောက်တိုင်ရှေ့ ရဟတ်နားမှာပေါက်တာ၊ ကလေးတဦးပဲထိတယ်၊ ကျန်တဲ့သူတွေမထိဘူး။”

မိုင်ဒါကွင်းမှာ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်၊ ရဲနဲ့ ထွေအုပ် စတဲ့ လုံခြုံရေးတွေကို အရင်ကထက် ပိုတင်းကျပ်ထားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up