close

အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူရန် မန်ယူ၊ ချဲလ်ဆီးနှင့် စပါးတို့ အပြိုင်အဆိုင်ကြိုးပမ်း

မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေဟာ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

အင်္ဂလန်နံပါတ်တစ်ဂိုးသမားဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူထားပေမယ့် တရားဝင်စာချုပ်ချုပ်ဆိုမှု မလုပ်ဆောင်ရသေးပါဘူး။

ဒီအခြေအနေဟာ မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတွေက ကြားဖြတ်ခေါ်ယူဖို့ အပြိုင်အဆိုင် ပြင်ဆင်လာကြတာပါ။

အသက် ၂၈ နှစ်ရှိ ပစ်ဖို့ဒ်ဟာ အသင်းနဲ့ ၁၈ လသက်တမ်းသာကျန်ရှိတော့လို့ သက်တမ်းတိုးဖို့ အဲဗာတန်ဘက်က ဆုံးဖြတ်ထားပါတယ်။

အဲဗာတန်နည်းပြ လမ်းပတ်ကတော့ အသင်းရဲ့ရည်မှန်းချက်တွေအပေါ် ဂိုးသမား ပစ်ဖို့ဒ်က လက်ခံယုံကြည်မယ်ဆိုရင် စာချုပ်သက်တမ်းတိုးဖို့ ပြဿနာမရှိနိုင်ကြောင်း မှတ်ချက်ပေးပါတယ်။

မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာနေရာကို အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်သလို စပါးအသင်းကလည်း အသက်အရွယ်ရလာတဲ့ လိုရစ်ရဲ့နေရာမှာ အစားထိုးလိုတာပါ။

ဒါ့အပြင် ချဲလ်ဆီးအသင်းဟာလည်း ပွဲထွက်ဂိုးသမား မတည်မငြိမ်ဖြစ်နေပြီး ပစ်ဖို့ဒ်ကို မျက်စိကျလာခဲ့တယ်  သတင်းတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up