close

ဂိုးသမား ဒူဘရက်ကာကို ပြိုင်ဘက်မန်ယူအသင်းကနေ နယူးကာဆယ်ပြန်လည်ခေါ်ယူ

နယူးကာဆယ်အသင်းဟာ မန်ယူအသင်းဆီတစ်ရာသီအငှားချခဲ့တဲ့ ဂိုးသမား ဒူဘရက်ကာကို စာချုပ်မကုန်ခင်မှာပြန်လည်ခေါ်ယူသွားပါတယ်။

မန်ယူအသင်းကတစ်ရာသီအငှားနဲ့ခေါ်ယူခဲ့တာဖြစ် ပေမယ့် ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူနိုင်တဲ့သ ဘောတူညီမှုပါဝင်တာကြောင့် နယူးကာဆယ်ကပြန်လည် ခေါ်ယူခဲ့တာပါ။

နယူးကာဆယ်အသင်းအနေနဲ့ မန်ယူအသင်းဟာ အဆင့်လေးအတွင်းဝင်နိုင်ဖို့ ပြိုင်ဘက် အသင်းတစ်သင်းလို့ သတ်မှတ်ပြီး ဂိုးသမားဒူဘရက်ကာကိုပြန်လည်ခေါ်ယူခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ရေးသားခဲ့ကြပါတယ်။

မန်ယူအသင်းမှာ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း တွန်ဟတ်တန်နဲ့ အကယ်ဒီထွက်ဂိုးသမား ဘစ်ရှော့တို့ကျန်ရှိပါတယ်။

ဆလိုဗက်ကီးယားဂိုးသမား ဒူဘရက်ကာဟာ ဗီလာ၊ ဘန်လေအသင်းတွေကို အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ် ၂ ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ခြေစမ်းပွဲနှစ်ပွဲမှာလည်း ပွဲထွက်ကစားခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up