close

မက်ဂွဲယား မန်ယူအသင်းမှထွက်ခွာချိန်တန်ပြီဟု ဖာဒီနန်တိုက်တွန်း

နောက်ခံလူ မက်ဂွဲယားအနေနဲ့ မန်ယူအသင်းကနေထွက်ခွာချိန်တန်ပြီလို့ အသင်းဂန္ထဝင်နောက် ခံလူ ရီယိုဖာဒီနန်က တိုက်တွန်းသွားပါတယ်။

မက်ဂွဲယားဟာ နောက်ခံလူ မာတီနက်ဇ်မပါဝင်နိုင်ချိန်မှာ တောင်ပွဲထွက်ခွင့်မရဖြစ်ခဲ့တာပါ။ အဲဒီထက်ပိုဆိုးတာက နည်းပြတန်ဟတ်ဂ်ဟာ ဗဟိုနောက်ခံလူ နေရာမှာ မက်ဂွဲယားရှိနေလျက်နဲ့ ဘယ်နောက်ခံလူ လုခ်ရှောကို ဗဟိုခံစစ်မှာပြောင်းလဲပွဲထွက်စေခဲ့ တာပါ။

နော်တမ်ဟမ်ဖောရက်စ်၊ ဝုဗ်အသင်းတွေနဲ့ နှစ်ပွဲစလုံးမှာ မက်ဂွဲယားကိုပွဲထွက်ခွင့်မပေးခဲ့တဲ့ နောက်မှာတော့ အသင်းကနေထွက်ခွါချိန်တန်ပြီလို့ ဖာဒီနန်ကတိုက်တွန်းခဲ့တာပါ။ 

“ကျနော်သာ ဟယ်ရီမက်ဂွဲယားသာဆိုရင် အခုချိန်မှာ အသင်းသစ်ရှာဖွေနေပါပြီ။ သူက အင်္ဂလန်လက်ရွေးစင်အသင်းမှာ အမှားမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကလပ်အသင်းဆီရောက်ချိန်မှာတော့ ချောင်ထိုးခံထားရတယ်။ ကျနော်သာဆိုရင်တော့ ပုံမှန်ပွဲထွက်ခွင့်ရပြီး ပျော်ရွှင်စွာကစားနိုင်မယ့် အသင်းသစ်ရှာလိုက်တော့လို့ အေးဂျင့်ကိုတခါတည်းပြောလိုက်တော့မှာပါ”လို့ ဖာဒီနန်က BT Sport ရုပ်သံမှာပြောပါတယ်။ 

မက်ဂွဲယားဟာ ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် မိနစ် ၉၀ မှာ လူစားဝင်ကစားခွင့် တော့ရရှိခဲ့ပါသေးတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up