close

ထိုင်းနိုင်ငံ အုန်းဖျန်မြို့နယ်တွင် မြန်မာအမျိုသမီး ၁ ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ထဲမှာ အရက်မူးနေနဲ့ မြန်မာနိုင်ငံသား အမျိုးသားတဦးက သူ့ရဲ့ဇနီးသည်ကို သူငယ်ချင်းဖြစ်သူနဲ့အတူ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ Thairath  သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က အုန်းဖျန်မြို့နယ် နောင်လုံကျေးရွာအနီးရှိ တောစပ်မှာ သေဆုံးနေတဲ့အမျိုးသမီးအလောင်း တွေ့ရှိကြောင်းရွာသားတွေက သတင်းပေးလို့ သွားရောက်စစ်ဆေးရာမှာ တီရှပ်အနီ၊ ထဘီအနီဝတ်ထားပြီး ရိုက်နှက်ခံထားရတဲ့ဒဏ်ရာ၊ အဓမ္မပြုကျင့်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်အမျိုးသမီးကို တွေ့ရတာလို့ အုန်းဖျန်နယ်မြေရဲစခန်း တာဝန်ကျ ရဲမှူး ကမ်းထွဏ်း အွန်ထောင်းန် က သတင်းထောက်တွေကို ပြောပါတယ်။

မျက်မြင်ရွာသားတွေ ပြောပြချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ရွယ်ရှိ ကရင်တိုင်းရင်းသား မြန်မာနိုင်ငံသား  နော်ခြည်ဖြစ်ပြီး အခင်းမဖြစ်ခင်  သူဟာ လင်ယောက်ျား  နိုင်းနွဲ့  အသက်၃၂ နှစ် မြန်မာ/ကရင်နဲ့တကွ သူ့ အပေါင်းအဖော်တွေနဲ့အတူ ဝိုင်းဖွဲ့ အရက် သောက်ခဲ့တယ်လို့ဆိုပါတယ်။

နော်ခြည်သေဆုံးပြီးတဲ့နောက် သူ့ယောက်ျားနဲ့သူငယ်ချင်းတွေ မြန်မာဘက်ခြမ်းထွက် ပြေးသွားလို့ ရဲတပ်ဖွဲ့က မြန်မာအာဏာပိုင်တွေကို  ကူညီဖမ်းဆီးပေးဖို့ အကြောင်းကြားခဲ့ရာမှာ မြန်မာရဲက လိုက်စုံစမ်းနေလို့ သူတို့ဟာ ထိုင်းဘက်ကိုပြန်ပြေး လာစဉ် သူငယ်ချင်းဖြစ်သူ နိုင်းချစ်သူ ၂၉ နှစ် ကို ဇန်နဝါရီ ၃ ရက်မှာ ထိုင်းရဲက အရင်ဖမ်းမိခဲ့ပါတယ်။

နိုင်ချစ်သူက သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ က အရက်ဝိုင်းဖွဲ့သောက်ကြစဉ် မူးလာတဲ့အခါ နိုင်းနွဲ့က သူ့မိန်းမနဲ့ သူ့ကို ဆိုင်ကယ်နဲ့ ရွာပြင်ခေါ်သွားကြောင်း၊ တောစပ် တနေရာမှာ သူ့မိန်းမကို ရိုက်နှက်မုဒိမ်းကျင့်ဖို့ပြောတာနဲ့ သူလည်းနိုင်းနွဲ့ပြောတဲ့အတိုင်း လိုက်လုပ်ရကြောင်း ၊ သူလုပ်သမျှ နိုင်းနွဲ့က စောင့်ကြည့်နေပြီး နော်ခြည်သေသွားတော့ နိုင်းနွဲ့က ထပ်ပြီးမုဒိမ်းကျင့်ခဲ့တယ်လို့ ဖြောင့်ချက်ပေးပါတယ်။

နိုင်းချစ်သူရဲ့ ပြောပြချက်အရ အဲဒီနေ့မှာဘဲ တဲအိမ်တစ်လုံးမှာ အရက်မူးပြီးအိပ်နေတဲ့ နိုင်းနွဲ့ကို ရဲတွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။ 

ရဲတွေက သူတို့ကျူးလွန်ခဲ့ပုံတွေကို သရုပ်ပြပြန်လုပ်ခိုင်းရာမှာ နိုင်းချစ်သူက နော်ခြည်ကို လည်ပင်းညှစ်နေတဲ့ပုံပါလုပ်ပြခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက သူတို့နှစ်ဦးကို ပူးပေါင်းကြံစည်လူသတ်မှုအပြင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။

နိုင်းနွဲ့ဟာ အရင်ကလည်း မိန်းမဖြစ်သူကို အရက်မူးတိုင်းအမြဲနှိပ်စက်ရိုက်နှက်လေ့ရှိပြီး ခုလိုဖမ်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ရွာသူကြီးနဲ့ ရွာသားကိုယ်စားလှယ်တွေက ရဲစခန်းကိုလာရောက် ကျေးဇူးတင်စကား လာရောက် ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။ 

ကိုးကား - news.ch7.com

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up