close

ရုရှားအပစ်ရပ်စဲရေးအပေါ် ယူကရိန်းအရှေ့ပိုင်းပြည်သူများ ပယ်ချ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ပြည်သူတွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဇန်နဝါရီ ၅ ရက်မှာ ကြေညာခဲ့တဲ့ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို လက်မခံ ပယ်ချခဲ့ပါတယ်။ 

ဒွန်းနက်စ်ခ်နယ်မြေမြောက်ပိုင်းက ကရာမာတော့စ်ခ်မြို့ရှိ ရိုက်တာသတင်းထောက်တွေ စုဆောင်းထားတဲ့ မှတ်ချက်တွေမှာတော့ ရုရှားခေါင်းဆောင်အပေါ် မယုံကြည်မှုက များပြားနေပါတယ်။  

ရုရှား ရှေးရိုးခရစ်ယာန် သြသဒေါက်စ် ဘုရားကျောင်းအကြီးအကဲ ဘုန်းတော်ကြီး ခီရေးလ်က ခရစ္စမတ်ကာလ အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီးနောက်မှာ သမ္မတ ပူတင်က ဒီဇင်ဘာ ၆ ရက်နေ့လယ်ပိုင်းကစပြီး ၃၆ နာရီ အပစ်အခတ်ရပ်စဲဖို့ အမိန့်ပေးခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့တာပါ။ 

“ကျနော်တို့ရဲ့ ခရိုင်းမီးယား၊ ဒွန်းဘက်စ်တွေကို သူတို့ပြန်ပေးမှသာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ပြီးတော့ သူတို့ဟာ သူတို့ရဲ့ရွှံ့မြေတွေမှာ သူတို့ပြည်နယ်တွေမှာ အပစ်ရပ်ဖို့ အဆုံးဖြတ်ပေးနိုင်တာ”လို့ အသက် ၃၀ အရွယ် ကရာမာတော့စ်ခ် ရဲတပ်သား အိုလက်ခ်ဆန်ဒါက ပြောပါတယ်။

“ကျမတို့ဆီမှာလည်း ကက်သလစ်ခရစ္စမတ်ပွဲ ကျင်းပတယ်၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပဲ။ နှစ်သစ်ကူးတော့လည်း စစ်ဆေးရေးဂိတ်ကို ဒုံးကျည်တွေနဲ့ ထိမှန်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်မှာ စုစုပေါင်း လေးကြိမ်အထိ ရှိခဲ့ပါတယ်။  ကရာမာတော့စ်ခ်တမြို့တည်းမှာပဲ တိုက်ပွဲတွေက လုံးဝ မရပ်ပါဘူး၊ အားလပ်ရက်တွေ မဟုတ်ဘဲ စနေ၊ တနင်္ဂနွေတွေမှာလည်း မရပ်တန့်ပါဘူး”လို့ ကရာမာတော့စ်ခ် ဒေသခံ ဗာလရီ က ပြောပါတယ်။ 

ရုရှားနိုင်ငံရဲ့ သြသဒေါက်စ်ဘုရားကျောင်းက  ခရစ္စမတ်ပွဲတော်ကို ဇန်နဝါရီ ၇ ရက်မှာ ကျင်းပတာပါ။ 

ယူကရိန်းရဲ့ ပင်မသြသဒေါက်စ် ဘုရားကျောင်းကတော့ မော်စကိုဘိုးဘေးတွေရဲ့ ဩဇာအာဏာကို ပယ်ချခဲ့ပြီးတော့  ယူကရိန်း သက်ဝင်ယုံကြည်သူ အများအပြားကတော့ အနောက်နိုင်ငံတွေမှာလို ဒီဇင်ဘာ ၂၅ ရက်မှာ ခရစ္စမတ်ပွဲတော်ကျင်းပဖို့ သူတို့ရဲ့ ပြက္ခဒိန်ကို ပြောင်းခဲ့ကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up