close

လေးကေ့ကော်တိုက်ပွဲမှ ကျဆုံးကျောင်းသား ကိုထွန်းအောင်ဝေကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ လေးကေ့ကော်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တက္ကသိုလ် ကျောင်းသား ကိုထွန်းအောင်ဝေကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာ နည်ဘွဲ့ အပ်နှင်းလိုက်ပါတယ်။

ကိုထွန်းအောင်ဝေ ကွယ်လွန်တာ တနှစ်ပြည့်တဲ့ ဒီကနေ့ ဇန်နဝါရီ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက် တာဖြစ်ပြီး  သူ့ရဲ့ စွန့်လွှတ်မှုကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ကျောင်းသားထုက အစဉ် အမြဲ အောက်မေ့ ဦးညွတ်နေမယ်လို့ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုထွန်းအောင်ဝေဟာ ဒဂုံတက္ကသိုလ်မှ စိတ်ပညာအထူးပြု ကျောင်းသား တယောက်ဖြစ်ပြီး လေးကေ့ကော်တိုက်ပွဲမှာ စစ်ဘေးရှောင်ပြည်သူတွေကို တောင်ပေါ်ကို သွား ရောက်ရှောင်တိမ်းနိုင်စေဖို့ KNU တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို ပစ်ခတ်တားဆီးနေ ချိန် လေးကေ့ကော်မြို့၊ ဆည်းဆာရေကန်နားမှာ လက်နက်ကြီးထိမှန် ကျဆုံးသွားခဲ့တာ ဖြစ်ပါ တယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ပြီးချိန်မှာ ဒဂုံတက္ကသိုလ်ရဲ့ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူလူထုရှေ့မှောက်မှာ ကျန်ရစ်သူ မိသားစုတွေကို အဆိုပါဘွဲ့ကို ပေးအပ်သွားမှာဖြစ်ပြီး တက္ကသိုလ်မော်ကွန်းတိုက်၊ ကျောင်းသားသမဂ္ဂမော်ကွန်းတိုက်တွေမှာ မော်ကွန်းမှတ်တမ်းအနေနဲ့ ထားရှိသွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံကြဘဲ ခုခံတော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၂ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

နိုင်ငံတဝန်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်လာနေခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ရှိအချိန်ထိ အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၇၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၀၀၀ နီးပါးထိရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up