close

အမေရိကန်က ခြေရာခံကျည်ကာတိုက်ခိုက်ရေးယာဉ်များ ယူကရိန်းကို ထောက်ပံ့

အမေရိကန်လုပ် ခြေရာခံ ကျည်ကာတိုက်ခိုက်ရေးယာဉ်ဖြစ်တဲ့  ဘရက်ဒလေ  မော်တော်ယာဉ်တွေ ကို ပထမဆုံး ထောက်ပံ့ပေးမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ဟာ ယူကရိန်းရဲ့ လိုအပ်ချက် အတိအကျဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၆ ရက် ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့လက ယူကရိန်းသမ္မတရဲ့ ဝါရှင်တန်ခရီးစဉ်ကြောင့် ခိုင်မာတဲ့ရလဒ်တွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ဇလန်းစကီးက ထည့်သွင်းပြောဆိုခဲ့တာပါ။ 

ဒီလက်နက်တွေဟာ ယူကရိန်းအတွက် ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ အမေရိကန်ရဲ့ လက်နက်အကူအညီပေးရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒါကို ဇန်နဝါရီ ၆ ရက် နှောင်းပိုင်းမှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ 

ဇလန်းစကီးဟာ လက်နက်အကူအညီတွေအတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ကွန်ဂရက် လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

လက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့ အနောက်မဟာမိတ်တွေကို မရပ်မနားဖိအားပေး တောင်းဆိုနေတဲ့ ဇလန်းစကီးဟာ မာဒရ် ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေနဲ့ ပက်ထရီယော့  လေကြောင်းရန်ကာကွယ်ရေးတို့ကို ပေးပို့လာမယ့် ဂျာမနီနိုင်ငံကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောသွားပါတယ်။ 

“လေကြောင်း ကာကွယ်ရေးစနစ်တွေ၊ သံချပ်ကာယာဉ်တွေကို ထပ်ရရှိခဲ့တဲ့အပြင် အနောက်တိုင်းတင့်ကားတွေကိုပါ ပထမဆုံး ရရှိလာတာဖြစ်ပြီး အမြောက်နဲ့ အမြောက်ဆန်တွေ လည်း ပိုရလာပါတယ်။ ဒါတွေအားလုံးဟာ ယူကရိန်းနဲ့ ဥရောပသားအားလုံးကို ရုရှား အကြမ်းဖက်မှု မှန်သမျှကနေ ပိုကာကွယ်ပေးနိုင်ပြီ”လို့ ဆိုလိုတာဖြစ်ကြောင်း ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up