ပိုလန်အသင်းနည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံရန် နည်းပြဂျရတ် ပြင်ဆင်

5
အင်္ဂလန်နည်းပြ ဂျရတ်ဟာ ပိုလန်လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အက်စတွန်ဗီလာနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျရတ်ဟာ အသင်းလက်မဲ့ ဖြစ်နေတာပါ။
သူ့ကို ပိုလန်အသင်းက နည်းပြချုပ်တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂျရတ်ဘက်ကလည်း လက်ခံဖို့ ရှိနေတာပါ။
ဂျရတ်ဟာ ပိုလန်နည်းပြ ဖြစ်လာရင်တော့ ဗီလာအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ နောက်ခံလူ မက်တီကတ်ရှ်နဲ့ ပြန်လည်တွေ့ဆုံမှာပါ။
ပိုလန်အသင်းဟာ ပေါ်တူဂီနည်းပြဖြစ်လာတဲ့ မာတီနက်ဇ်ကိုလည်း လျာထားခဲ့သေးတယ်လို့ ဆိုပါတယ်။