အာဆင်နယ်နှင့်ပွဲတွင် လုပ်ပွဲသံသယရှိမှုဖြင့် အောက်စ်ဖို့ဒ်နောက်ခံလူကို စုံစမ်းစစ်ဆေး

အင်္ဂလန် အက်ဖ်အေဟာ အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လုပ်ပွဲပြုလုပ်နိုင်တယ်ဆိုတဲ့ သံသယနဲ့ အောက်စဖို့ဒ်နောက်ခံလူ ဆီရာယွန်ဘရောင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
ဘရောင်းဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ အဝါကတ်ပြသခံရအောင် တမင်ကြံရွယ် ကြိုးပမ်းခဲ့ကြောင်း ရုပ်သံပြကွက်တွေကိုကြည့်ရှုပြီး အက်ဖ်အေက စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပွဲကစားရမယ့်နေ့ မနက်ပိုင်းက သူ့ကို အဝါကတ်ပြသခံရပါက ရရှိမယ့် အလေးပေးမှုက ပုံမှန်ဖြစ်ပေမဲ့ ပွဲနီးကပ်လာချိန်မှာ အလေးပေးမှု မြင့်တက်ခဲ့တာပါ။
ဒီအခြေအနေကြောင့် နောက်ခံလူဘရောင်းရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုပေးပို့မှုတွေနဲ့ ဆိုရှယ်မီဒီယာလမ်းကြောင်းတွေကို စစ်ဆေးနေပြီး လုပ်ပွဲဟုတ်မဟုတ်ဆိုတာကို အဖြေထုတ်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ မြောက်အိုင်ယာလန်နောက်ခံလူဟာ အာဆင်နယ်ကစားသမားေတွကို ဖျက်ထုတ်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာတော့ အဝါကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။