ဖီဖာအကောင်းဆုံးဆုအတွက် ဆန်ခါတင် ၁၄ ဦးထုတ်ပြန်ရာ ရော်နယ်ဒို ချန်လှပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်မယ့် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၄ ဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ စီရော်နယ်ဒို ပါဝင်လာခြင်းမရှိခဲ့ပါဘူး။
ဖီဖာဟာ ၂၀၂၁ ခုနှစ် သြဂုတ်လကနေ ၂၀၂၂ ခုနှစ်အတွင်း ကလပ်နဲ့ နိုင်ငံအသင်းတွေမှာ ခြေစွမ်းပြသခဲ့တဲ့ ကစားသမားတွေကို အဓိက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီအပါအဝင် တွဲဖက်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်လည်း ပါဝင်ပါတယ်။
ဘင်ဇီမာ၊ လီဝန်ဒေါစကီး၊ နေမာ၊ အမ်ဘာပေနဲ့ ဟာလန်းတို့လို တိုက်စစ်မှူးတွေအပါအဝင် ဒီဘရိုင်း၊ မိုဒရစ်၊ မားနေး၊ ဆာလာတို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ ဗင်နီဆီးယက်စ်၊ ဂျုဘယ်လင်ဂမ်နဲ့ ဟာကီမီ တို့လည်းပါဝင်ခဲ့တာပါ။
ဒါပေမဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ အခုနှစ်ရာသီမှာ မန်ယူအသင်းမှာခြေစွမ်းပြ သနိုင်ခြင်းမရှိခဲ့သလို ပေါ်တူဂီအသင်းနဲ့လည်း ကွာတားဖိုင်နယ်အထိပဲတက်ရောက်နိုင်ခဲ့လို့ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဆန်ခါတင် ၁၄ ဦးကနေ နောက်ဆုံး ၃ ဦးအထိ လျော့ချမှာဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်အထိ မဲပေးရွေးချယ်နိုင်မယ်လို့သိရပါတယ်။