close

စစ်ကောင်စီကျင်းပသည့် ကယားပြည်နယ်နေ့ပွဲ လက်နက်ကြီးဖြင့် ပစ်ခံရ 

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့မှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက်  (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီက စီစဉ်ကျင်းပနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့  လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားအနည်းဆုံး ၈ ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ  လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ လောက် အကွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ  ကျောင်းသား/သူ ၆ ဦး၊ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ပါဝင်ပြီး အရပ်သား အမျိုးသား  ၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နှယောက် ထိခိုက် ဒဏ်ရာရတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြတာမရှိပါဘူး။

ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ KNPP အဖွဲ့နှင့် PDF တွေက ပစ်ခတ်တာလို့ စစ်ကောင်စီက သက်သေမရှိဘဲ စွပ်စွဲထုတ်ပြန်ထားပြီး စွပ်စွဲခံရတဲ့ အဖွဲ့တွေဘက်ကိုတော့ လတ်တလော ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Photo- DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up