မက်ဂွဲယားကို ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း၏ ကမ်းလှမ်းချက်ကို မန်ယူ ပယ်ချ

နောက်ခံလူ မက်ဂွဲယားကို ခေါ်ယူဖို့ ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းချက်ကို မန်ယူအသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အသင်းခေါင်းဆောင် မက်ဂွဲယားဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် ၁၅ ပွဲ ကစားထားပေမယ့် ၇ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာပါ။
နောက်ခံလူ ဗာရန်းနဲ့ လုခ်ရှောကို ဗဟိုခံစစ်မှာ အသုံးပြုနေပြီး မာတီနက်ဇ်လည်း ရှိနေတဲ့အခြေအနေမှာ နည်းပြ အဲရစ်တန်ဟတ်ဂ်က မက်ဂွဲယားကို ပွဲထွက်ခွင့်မပေးပါဘူး။
ဒီအခြေအနေမှာ ဝက်စ်ဟမ်းအသင်းက အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မန်ယူအသင်းဘက်က လက်မခံခဲ့တာပါ။
မန်ယူအသင်းဟာ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆက်ရှိနေတာကြောင့် နောက်ခံလူ မက်ဂွဲယားကို ဖလားပွဲစဉ်တွေမှာ အသုံးပြုသွားဖို့ နည်းပြတန်ဟတ်ဂ်က စီစဉ်ထားတယ်လို့ သိရပါတယ်။