close

မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်အချင်းချင်း ထောင်ထားသည့်မိုင်းပေါက်ကွဲပြီး ၅ ဦးသေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဇန်နဝါရီ ၂၂ ရက်က မိုင်းပေါက်ကွဲပြီး  တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ ပန်းမြောင်းဒေသခံတွေက ပြောပါတယ်။

တောင်ဖြူတောင်ဘက်မှာ မနေ့ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က တပ်အ‌ပြောင်းအလဲလုပ်နေတုန်း အရင်နေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တဲ့ မိုင်ကို နင်းမိပြီး ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒေသခံတဦးက ပြောပါတယ်။

“အရင်နေခဲ့တဲ့တပ်က ထောင်ထားတဲ့မိုင်းကို အသစ်ပြောင်းလာတဲ့တပ်က လူတွေက နင်းမိပြီး ပေါက်ကွဲတာ။ တပ်ဖွဲ့ဝင် ၅ ဦးအထိ သေသွားတယ်လို့ သိရတယ်။”

အခုလို မိုင်းကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး  စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ 

၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ စာသင်ကျောင်းရပ်ကွက်က အမျိုးသားတဦး မိုင်းပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up