close

ဝမ်ဟိုင်းဌာနချုပ်ပေါ် စစ်တိုက်လေယာဉ်ပျံသန်းမှု စော်ကားသည့်လုပ်ရပ်ဖြစ်ဟု SSPP ထုတ်ပြန်

Photo- SSPP

SSPP/SSA  ဌာနချုပ် ဝမ်ဟိုင်းမြို့ပေါ်ကို စစ်တပ်တိုက်လေယာဥ် ရှပ်ပျံသန်းမှုဟာ စော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆနိုင်တဲ့အတွက်  ဘာကြောင့်တိုက်လေယာဉ် ပျံသန်းစေခဲ့တာလဲဆိုတာကို   သိရှိလိုကြောင်း   SSPP က စစ်ကောင်စီထံ မေးမြန်းထားပါတယ်။

ဇန်နဝါရီ ၂၄ ရက်  ဒီနေ့မနက်  ၁၁ နာရီ မိနစ် ၅၀ နာရီ လောက်မှာ  စစ်ကောင်စီလေတပ်က  YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ်   ဝမ်ဟိုင်းမြို့ပေါ်ကို အနိမ့်ရှပ်ပျံသန်းခဲ့တာလို့ SSPP ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

နောက်တစ်ကြိမ် အခုလို အကြောင်းကြားခြင်းမရှိပဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းတာ၊ လေ့ကျင့်တာတွေ ထပ်မံပြုလုပ်ပါက  တပ်မတော်တာဝန်သာဖြစ်ကြောင်း၊ ဘာကြောင့် တိုက်လေယာဉ် ပျံသန်းစေခဲ့တယ်ဆိုတာ မိမိဗဟိုလူကြီးတွေက သိရှိလိုပါကြောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

အခုလို တိုက်လေယာဉ်ပျံသန်းချိန်ဟာ RCSS/SSA ခေါင်းဆောင် စဝ်ယွတ်ဆစ်တို့နဲ့ ဆွေးနွေးပွဲလုပ်ဆောင်နေချိန်ဖြစ်လို့  မသိရသေးကြောင်းနဲ့ သိရှိရပါက အကြောင်းပြန် ပေးမယ်လို့ ဖြေကြားခဲ့တယ်လို့ SSPP ပြန်ကြားရေးသတင်းမှာဖော်ပြပါတယ်။

RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စဝ်ယွတ်ဆစ်တို့ဟာ  စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့  နေပြည်တော်မှာ မနေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up