close

အခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးနှင့် မန်ယူအသင်း ငွေကြေးအများဆုံး အသုံးပြုထား

အခုနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့က ကစားသမားခေါ်ယူမှုအတွက် ငွေကြေးအများဆုံး အသုံးပြုခဲ့တဲ့အသင်းတွေ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက အမေရိကန်လူမျိုး ပိုင်ရှင်သစ် တော့ဘိုလီလက်ထက်ဖြစ်တဲ့ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကနေ စတင်ပြီး လက်ရှိအချိန်အထိ ပေါင် ၄၈၉ သန်း အသုံးပြုခဲ့ပါတယ်။

ကစားသမားစုစုပေါင်း ၁၅ ဦးအထိ ခေါ်ယူခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းပြီးရင် ကစားသမားအများဆုံး ခေါ်ယူတဲ့အသင်း ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ကစားသမား ၇ ဦးအတွက် စုစုပေါင်း ပေါင် ၂၃၉ သန်း အသုံးပြုခဲ့လို့ ဒုတိယမြောက် ငွေသုံးအများဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။

အဲဒီနောက်မှာ ဝက်စ်ဟမ်းအသင်းက ပေါင် ၂၀၉ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး နော်တင်ဟမ်ဖောရက်စ်၊ ဝုဗ်တို့က အစဉ်လိုက် ရပ်တည်ပါတယ်။

အဲဒီနောက်မှာ စပိန်ကလပ် ဘာစီလိုနာက ပေါင် ၁၇၉ သန်း၊ ပီအက်စ်ဂျီက ပေါင် ၁၆၈ သန်း၊ ဘိုင်ယန်မြူးနစ်က ပေါင် ၁၆၃ သန်း၊ လိဒ်ယူနိုက်တက်က ပေါင် ၁၅၉ သန်း၊ အာဆင်နယ်က ပေါင် ၁၅၂ သန်း အသီးသီး အသုံးပြုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up