အီရန်ရှိ အဇာဘိုင်ဂျန်သံရုံး ပစ်ခတ်ခံရပြီး လုံခြုံရေးအရာရှိ ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

အီရန်နိုင်ငံရှိ၊ အဇာဘိုင်ဂျန်သံရုံးကို သေနတ်သမားတဦးက ပစ်ခတ်ခဲ့တာကြောင့် လုံခြုံရေးအရာရှိတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။
“တိုက်ခိုက်သူဟာ အစောင့်ဂိတ်စခန်းကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး လုံခြုံရေးအကြီးအကဲကို ကလာ့ရှင်န်ကော့ဗ် ချေမှုန်းရေးရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာ သံရုံးအတွင်းက တံခါးတချပ် မှန်ကွဲနေပြီး ပျက်စီးသွားပုံတွေကို ပြသထားပါတယ်။
တီဟီရန်ရဲတပ်ဖွဲ့က သူတို့ဟာ သံသယရှိသူတဦးကို ဖမ်းဆီးထားပြီး တိုက်ခိုက်မှု နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။
သံသယရှိသူဟာ ကလေး ၂ ဦးနဲ့အတူ သံရုံးထဲကို ဝင်လာတာဖြစ်ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်နိုင်ကြောင်း ရဲချုပ်ကိုကိုးကားပြီး Tasnim သတင်းဌာနက ဖော်ပြပါတယ်။