close

TNLA က စစ်သုံ့ပန်းနှင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေး

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)က စစ်သုံ့ပန်း ၁၁ ယောက် အပါအဝင် အကျဉ်းသား ၈ ယောက်ကို  ဇန်နဝါရီ ၁၂ ရက် နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ တအောင်းသတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

တအာင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ ဖမ်းဆီးရမိတဲ့ RCSS/SSA စစ်သုံ့ပန်း ၁၁ ဦးနဲ့ ပြစ်မှုကျူးလွန်တဲ့အတွက် အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျခံနေတဲ့ အကျဥ်းသား ၈ ဦးတို့ကို PSLF/TNLA ဒုတိယဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းရဲ့ အမိန့်နဲ့  လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း အကျဥ်းသား ၇၃ ဦးကို  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး  အခု  ဒုတိယအကြိမ်မြောက်အဖြစ် အကျဉ်းသား ၈၁ ဦးကို ထပ်လွှတ်ပေးတာပါ။

PSLF/TNLAဟာ  နယ်မြေတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်လာပြီး  ဇန်နဝါရီ ၂၇ ရက်ကလည်း လက်ဖက်စိုက်တောင်သူတွေနဲ့ တွေ့ဆုံကာ လက်ဖက်လုပ်ငန်း အားကောင်းမောင်းသန်ဖြစ်လာစေရေး ဆွေးနွေးခဲ့ကြပြီး လက်ဖက်လုပ်ငန်းကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးကြောင်း ကြေညာခဲ့ပါတယ်။

Up