ဒေါ်လာ ၁၁၄ သန်းတန်ဖိုးရှိ ကိုကင်း ၄ တန်ခွဲကို စပိန်ရဲတပ်ဖွဲ့ သိမ်းဆည်း

စပိန်ရဲတပ်ဖွဲ့ဟာ ခုသီတင်းပတ်အစောပိုင်းက ကာနာရီ ကျွန်းစုတွေက ကျွဲနွားတွေတင်တဲ့ သင်္ဘော တစ်စင်းကို စီးနင်းပြီးတဲ့နောက် ခန့်မှန်းစျေးကွက်တန်ဖိုး ယူရို ၁၀၅ သန်း (ဒေါ်လာ ၁၁၄ သန်း) တန်တဲ့ ကိုကင်း ၄ တန်ခွဲကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒီသင်္ဘောဟာ ဇန်နဝါရီ ၂၄ ရက်က အစီးနင်းမခံရမီ နိုင်ငံတစ်ဒါဇင်လောက်က ဆိပ်ကမ်းတွေမှာ ရပ်တန့်ခဲ့တာပါ။
မူးယစ်မှောင်ခိုသမားတွေက သူတို့ရဲ့ တရားမဝင်ကုန်တင်ကုန်ချ လုပ်ရပ်တွေကို ရဲတပ်ဖွဲ့က ခြေရာခံဖို့ ပိုခက်အောင် မှောင်ခို မူးယစ်ဆေးဝါး တွေကို သယ်ဖို့ ကျွဲနွားတင်တဲ့ သင်္ဘောတွေကို စသုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေက လက်တင် အမေရိက ကနေ ဥရောပကို မူးယစ်ဆေးဝါးတွေ သယ်ပို့ဖို့ သူတို့ကိုယ်သူတို့ ပြန်ဆန်းသစ် တီထွင်နေပြီး ထိန်းချုပ်မှုနဲ့ နေရာချထားမှု ပိုခက်ခဲအောင် တိရစ္ဆာန်တွေကိုသုံးပြီး ထိန်းချုပ်လုပ်ဆောင်နေပါတယ်လို့ စပိန်ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ မာရီယာ ဘူယိုက ပြောပါတယ်။
စပိန်အာဏာပိုင်တွေ၊ အမေရိကန် မူးယစ်ဆေးနှိမ်နင်းရေး အုပ်ချုပ်ရေးနဲ့ တိုဂိုရဲတို့ရဲ့ စစ်ဆင်ရေးမှာ ကိုလံဘီယာက နောက်ယောင် ခံလိုက်လာတဲ့ တိုဂိုအလံတပ်ထားတဲ့ အိုရီအွန်ဖိုက် သင်္ဘော အမှုထမ်း ၂၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အရာရှိတွေက ဂရန်း ကာနာရီယာ ကျွန်းပေါ် လက်စ်ပဲလ်မတ်စ်မြို့မှာရှိတဲ့ ဆိပ်ကမ်းဘက်ခြမ်းက ကိုကင်းတွေပါတဲ့ သေတ္တာ ဒါဇင်ပေါင်းများစွာကို ဇန်နဝါရီ ၂၆ ရက်က ဖယ်ရှားခဲ့ပါတယ်။