ကိုလံဘီယာရေတပ်က ကိုကင်းဟိုက်ဒရိုကလိုရိုက် ၄ တန်ကျော် သိမ်းဆည်းရမိ

ကိုလံဘီယာရေတပ်ဟာ တရားမဝင် ကုန်တင်ရေငုပ်သင်္ဘောကို ဇန်နဝါရီ ၂၃ ရက်မှာ ကြားဖြတ်ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကိုကင်းဟိုက်ဒရိုကလိုရိုက် ၄ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒရုန်းနဲ့ရိုက်ကူးထားတဲ့ ရုပ်သံတွေထဲမှာ ကုန်တင်ရေငုပ်သင်္ဘောကို ဆွဲပြီး သင်္ဘောကျင်းတခုဆီ ခေါ်သွားတာနဲ့ ဓာတုစမ်းသပ်မှုလုပ်ဖို့ အထုပ်အပိုးတွေကို တပ်သားအသီးသီးက တင်ဆောင်နေကြတာကို တွေ့ရပါတယ်။
ဒီစစ်ဆင်ရေးမှာ ကိုလံဘီယာရေတပ်၊ ကမ်းရိုးတန်းစောင့်တပ်တွေ၊ ရေတပ်လေကြောင်းနဲ့ နိုင်ငံခြားအကူအညီတွေ ပါခဲ့ပါတယ်။
သင်္ဘောပေါ်မှာတွေ့တဲ့ သင်္ဘောသားလေးဦးကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်မှုဆိုင်ရာ စွဲချက်တွေအတွက် စုံစမ်း စစ်ဆေးမှာပါ။
အခုနှစ် ပထမလအတွင်း ကိုလံဘီယာရေတပ်ဟာ ကိုကင်း ဟိုက်ဒရိုကလိုရိုက် ၁၀ တန်နီးပါး သိမ်းဆည်းရမိခဲ့ပြီးပါပြီ။